![]() |
| ၁၉၆၇ ခုနှစ် ရှံးနိမ့်သောနေ့ နှစ်ပတ်လည် ဆန္ဒပြနေသူများ |
၁၉၆၇ ခုနှစ်တွင် အစ္စရေးကို စစ်ရှုံးပြီးနောက်နယ်မြေအသိမ်းပိုက်ခံလိုက်ရသော အာရပ်ဘာသာဖြင့် “နက္ကဆာ ဒေး” ခေါ် “ရှုံးနိမ့်သောနေ့” ၄၄ နှစ်မြောက်နှစ်ပတ်လည်အဖြစ် တနင်္ဂနွေနေ့က အဆိုပါနယ်စပ်သို့ သွားရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အစ္စရေးစစ်သားများက သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြပြီး ဆန္ဒပြသူများက ဒဏ်ရာရသူများကို သယ်ဆောင် သွားကြသည်။ အချို့ထွက်ပြေးကြပြီး အချို့ကမူ နယ်စပ်ကို ဆက်လက်ချီတက်သွားကြသည်။
အယ်လ်ဂျာဇီယာသတင်းထောက် အန်ဒရူး ဆင်မွန်က ဂျေရုဆလင်မှနေ၍ သတင်းပေးပို့ရာ အစ္စရေးစစ်သားများက လေထဲသို့ ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် သေဆုံးမှုနှင့်ပတ်သက်၍မူ ပြောကြားခြင်းမရှိကြောင်းသတင်းပေးပို့ခဲ့သည်။
“ဆီးရီးယားရုပ်မြင်သံကြားမှ သေဆုံးမှုသတင်းကြေငြာခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။” ဟု သတင်းထောက်က ပြောသည်။ “ဒါပေမယ့် ဆန္ဒပြသူအများအပြားက သံဆူးကြိုးတစ်ခုကို ဖြတ်တောက်ပစ်လိုက်နိုင်ပြီး ကတုတ်ကျင်းဧရိယာထဲက အလယ်လောက်မှာရောက်ရှိခဲ့ကြပါတယ်။”
လွန်ခဲ့သောလမှစ၍ ယခုကဲ့သို့ဆန္ဒပြမှုများကြုံတွေ့ရပြီး အစ္စရေးအစိုးရက ယင်းတို့ကို တားဆီးသွားမည်ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သောလက ဆန္ဒပြမှုတွင် နယ်စပ်ကို ဖြတ်သန်းပြီးအစ္စရေးထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့် အတွင်းသို့ လူရာပေါင်းများစွာဝင်ရောက်ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြမှုအတွင်း လူပေါင်း တစ်ဒါဇင်ကျော်သေဆုံးခဲ့သည်။ ၁၉၄၈ တွင် အစ္စရေးက နိုင်ငံအဖြစ်ကြေငြာပြီးနောက် ပါလက်စတိုင်းလူမျိုး ၇၀၀,၀၀၀ ကျော်မိမိတို့နယ်မြေများမှ ဖယ်ရှားပေးလိုက်ရသော “နက္ကဘာဒေး” ၆၃ နှစ်မြောက်နှစ်ပတ်လည်အဖြစ် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
Source: Al Jazeera




















8:33 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment