စစ်လေယာဉ်များလစ်ဗျားမြို့တော်ထရီပိုလီအပေါ်တွင်ပျံဝဲနေပြီး ပြင်းထန်သောပေါက်ကွဲမှုအသံ ၆ ခုကြားရသည်။
တနင်္ဂနွေနေ့ ည ၉ ကိုးနာရီခန့်က မြို့တော်တစ်ဝိုက်တွင် အင်အားကောင်းသောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ထို့နောက် ဆက်လက်၍ မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲသံများကြားရသည်။ သို့သော်မည်သည့်နေရာဖြစ်သည်ဟု ချက်ခြင်းခန့်မှန်း ၍မရကြောင်း AFP သတင်းထောက်က ပြောကြားခဲ့သည်။
အစောပိုင်းက နေတိုးတိုက်လေယာဉ်များက မြို့တော်နှင့် အရှေ့ဘက် မြို့စွန်နေရာများကို လေကြောင်းမှ အပြင်းအထန်တိုက် ခိုက်ခဲ့ကြသေးသည်။
လစ်ဗျားအစိုးရအရာရှိတစ်ဦးက AP သတင်းဌာနသို့ အမည်မဖေါ်ဘဲပြောပြခဲ့ရာတွင် ဗြိတိန်တိုက်လေယာဉ်များက ထရီပိုလီရှိ စစ်တန်းလျားများကိုတိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးမှုမရှိကြောင်း ပြောသည်။
မွမ်မာကဒါဖီတပ်များနှင့် သူပုန်တပ်များတိုက်ခိုက်နေသည်မှာ လအတန်ကြာပြီဖြစ်သည်။ နိုင်ငံတကာမှ ဖိအားပေးမှုများနှင့် နေတိုးက လေကြောင်းမှ တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ကဒါဖီက ရာထူးမှ ထွက်ခွါရန်ငြင်းဆန်ဆဲ ဖြစ်သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီလီယံဟေ့က လစ်ဗျားတွင် နေတိုးစစ်ဆင်ရေးမှာ အကန့်အသတ်မရှိကြောင်း ပြောကြားလိုက် ပြီးနောက် ထရီပိုလီတွင် ပေါက်ကွဲသံများကြားရခြင်းဖြစ်သည်။ နေတိုးက ရဟတ်ယာဉ်များကို အသုံးပြုလာနေခြင်းမှာ မြေပြင် စစ်ဆင်ရေးဆင်နွှဲမည့် အသွင်ရှိကြောင်း ရုရှက ပြောသည်။
“ကျွန်တော်တို့ စစ်ဆင်ရေးက အချိန်ကာလသတ်မှတ်ထားခြင်းမရှိပါဘူး။ ခရစ္စမတ်အထိပဲ လို့ပြောနေကြတယ်။ ဒါပေမယ့် ရက်ပိုင်းလား၊ လပိုင်းအထိကြာသွားမလားဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျွန်တော်တို့ တိုက်သင့်လို့တိုက်နေတာပါ။” တနင်္ဂနွေနေ့က ဘီဘီစီနှင့် အင်တာဗျူးတွင် ဟေ့က ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဟေ့သည် စနေနေ့က ထရီပိုလီတွင် ကဒါဖီနှင့် သွားရောက်တွေ့ဆုံးစကားပြောခဲ့သည်။ မြေပြင်တပ်များချ ထားမည် မဟုတ်ကြောင်းပြောဆိုပြီး နေတိုးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မတ်လအတွင်းက ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သော အရပ်သားများကို ကာကွယ်ရေးဟူသည့် မူကိုသာ ဆွဲကိုင်ထားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
Source: Al Jazeera




















10:29 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment