Tuesday, June 7, 2011

ဆီးရီးယားရဲတပ်ဖွဲ့ဝင် ၁၂၀ ချုံခိုတိုက်ခိုက်ခံရ၍ သေဆုံး

ဆီးရီးယားတောင်ဘက် ဂျစ်ဆာအယ်ရှဂ္ဂါးမြို့တွင်လက်နက်ကိုင်အုပ်စုတစ်စုက ချုံခိုတိုက်ခိုက်သဖြင့် ဆီးရီးယားရဲတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးသွားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှပြောကြားခဲ့သည်။
တနင်္လာနေ့ကထုတ်ပြန်ခဲ့သော အဆိုပါသတင်းအရ မြို့နေလူထုမှ အကူအညီတောင်းခံသဖြင့် သွားရောက်ရာတွင် ချုံခိုတိုက်ခိုက်မှုနှင့် စာတိုက်အနီးဗုံးပေါက်ကွဲမှုတို့တွေ့ကြုံရသဖြင့် သေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ကိုင်အုပ်စုတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ပါတယ်။ မြို့မှာရှိတဲ့လူတွေက စစ်တပ်ကို အမြန်လာဖို့ပြောကြပါတယ်။” ရုပ်မြင်သံကြားတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့နေ့လည်မှာပဲ ရဲတပ်ဖွဲ့ဝင် အယောက် ၄၀ အသတ်ခံရတယ်။ သောကြာနေ့က အယောက် ၈၀ အသတ်ခံရတယ်။” ဆီးရီးယား ပြန်ကြားရေးဝန်ကြီးဌာနပြောခွင့်ရ ရီးမ်ဟက်ဒက်မှ အယ်လ်ဂျာဇီယာသို့ပြောသည်။
နိုင်ငံတွင်းဆန္ဒပြမှုများကို သတင်းယူနိုင်ခြင်းမရှိစေရန် နိုင်ငံခြားမီဒီယာများကို နိုင်ငံတွင်းဝင်ရောက်ခွင့်မပြုသည့်အတွက် ယခုကဲ့သို့ အစိုးရရုပ်မြင်သံကြားမှပြောကြားခြင်းကို မှန်၊ မမှန်အတည်ပြုနိုင်ခြင်းမရှိပေ။

ဆီးရီးယားပြည်ထဲရေးဝန်ကြီး မိုဟာမက် အီဘရာဟင် အယ်လ်ရှားက လက်နက်ကိုင်အဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်သွားမည် ဟုပြောဆိုလိုက်သည်။
“နိုင်ငံတော် အနေနဲ့ တုံ့ပြန်သွားမှာပါ။ တရားဥပဒေဘောင်အတွင်းကနေ အင်အားသုံးဖြိုခွင်းမှာပါ။ အမိမြေလုံခြုံရေးအဖွဲ့ ဝင်ရဲတွေကို အခုလိုတိုက်ခိုက်ခံရတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။” ဟုပြည်ထဲရေးဝန်ကြီးက ရုပ်မြင်သံကြားတွင် ကြေငြာချက်တစ်စောင်ကို ဖတ်ကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။