Wednesday, July 27, 2011
အာဖဂန် အသေခံ ဗုံးခွဲမှုကြောင့် ကန်ဒါဟာ မြို့ တော်ဝန် သေဆုံး
"ကန်ဒါဟာမြို့ တော်ဝန် ဂူလန် ဟိုက်ဒါ ဟာမီးဒီအား အသေခံ ဗုံးခွဲသမားသည် ၄င်း၏ ရုံးခန်းသို့သွားရာ လမ်းအနီးတွင် စနက်တံ ဖြုတ်၍ မိမိကိုယ်ကို အဆုံးစီရင်၍ ဖောက်ခွဲ သွားခဲ့ခြင်း ဖြစ်ကြောင်း"ပြောရေး ဆိုခွင့်ရှိသူ ဇော်မေအရူဘီက ဗုဒ္ဓဟူးနေ့က ပြောကြားသွားခဲ့သည်။
"၄င်းအသေခံ ဗုံးခွဲသူသည် အဆိုပါဗုံးအား ခေါင်းပေါင်းအတွင်း ၀ှက်လာခဲ့ခြင်း ဖြစ်ကြောင်း" အရူဘီက ပြောကြားသွားခဲ့သည်။
ကန်ဒါနာ ရဲအရာရှိ အဒေါ်ရာဇတ်က " အဲဒီအချိန်တုန်းက မြို့ တော်ဝန်ဟာ ကန်ဒါနာပြည်နယ်ရှိ လူကြီးအချို့ နဲ့ အစည်းအဝေး ပြုလုပ်နေချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက်က အစည်းအဝေးပွဲ အနီးသို့ ချဉ်းကပ်လာပြီး ခေါင်းပေါ်မှာ ဝှက်ထားတဲ့ ဗုံးကိုစနက်တံ ဖြုတ်ပြီး ဖောက်ခွဲသွားတာပါ။" ဟု ပြောကြားသွားခဲ့သည်။
0 comments:
Post a Comment
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။