Tuesday, July 26, 2011
စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး မော်ရိုကိုမြို့ အနီး ပျက်ကျ
"မော်ရိုကို စစ်တပ် သယ်ယူ ပို့ဆောင်ရေး လေယာဉ် တစ်စင်းသည် နိုင်ငံ၏ တောင်ပိုင်း တစ်နေရာတွင် ပျက်ကျသွားခဲ့ကြောင်း" MAP သတင်းဌာမှ ဖော်ပြခဲ့သည်။
( Hercules C-130) ခေါ် လေယာဉ်သည် ဂွယ်မင်မြို့ အနီး တောင်ကြားထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ စာရင်းအရေအတွက် အတိအကျအား မသိသေးကြောင်း MAP သတင်းဌာနက ဆက်လက်ဖော်ပြသွားခဲ့သည်။
"အဲဒီလေယာဉ်ဟာ စစ်သားတွေ သယ်ယူပို့ဆောင်တဲ့အခါ အသုံးပြုတဲ့လေယာဉ်ပါ ဒါပေမယ့် တခါတလေ တခါတလေ သူတို့မိသားစုတွေအတွက်ပါ အသုံးပြုပါတယ်။ အဲဒီလေယာဉ်မျိုးက သဲကန္တာရလို နေရာမျိုးတွေကို ဖြတ်သန်းသွားလာတဲ့အခါ အရမ်းအသုံးဝင်ပါတယ်။" ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။
"ခြုံငုံပြီးကြည့်မယ်ဆိုရင် အဲဒီတုန်းက ရာသီဥတုက အရမ်းဆိုးပြီး နှင်းမြူတွေ ဆိုင်းနေခဲ့ပါတယ်။ အဲဒါကြောင့် ဒီမတော်တဆမှုဟာ ရာသီဥတုကြောင့်ဆိုတာ သေချာသလောက်ရှိနေပါတယ်။ ဒါပေမယ့်လည်း လုံလောက်တဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။" ဟု ဆက်လက် ပြောကြားသွားသည်။
အခြေအမြစ် အတိအကျ မသိသော independent news portal Lakome.com ဆိုတော့ ၀က်(ဘ်)ဆိုက်မှ ကိုးကားချက်အရ "လေယာဉ်ပေါ်မှ ခရီးသည် ၇၀လောက် သေဆုံးသွားကြောင်း" သိရသည်။
Source: Aljazeera




















7:14 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment