Tuesday, July 26, 2011
အစ္စရေးကမ်းခြေတွင် ရေခူများ အလုံးအရင်းဖြင့် ဝင်ရောက်
အစ္စရေးနိုင်ငံ ကမ်းခြေများတွင် ယခုနွေရာသီ၌ ပင်လယ်ရေခူ (Jelly Fish) များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုနှင့်ကြုံတွေ့နေသည်။ အကောင်းကြီးများ ထောင်ပေါင်းများစွာ ကမ်းခြေများသို့ရောက်ရှိလာခြင်းကြောင့် အပန်းဖြေနေသူများအဖို့ အနှောက်အယှက် ဖြစ်နေရလျက်ရှိသည်။ အရည်ရွှမ်းဘီးပုံစံဂျယ်လီငါး ဟုလည်းခေါ်သည်။
အကောင်များက လူအတွက် အန္တရာယ်မရှိနိုင်သော်လည်းသူတို့၏ ဥများသည် အနည်းငယ်ယားယံမှုကို ဖြစ်ပေါ်စေသည်။
အယ်လ်ဂျာဇီယာသတင်းထောက် တွမ်အက္ကာမန် အစ္စရေးနိုင်ငံ နက်တန်ယာ ကမ်းခြေမှ သတင်းပေးပို့ခဲ့ရာ ယင်းကမ်းခြေတွင် တည်ဆောက်ထားသော ဓါတ်အားပေးစက်ရုံသည် ရေခူများကြောင့် စက်ရုံလည်ပတ်မှုကို ထိခိုက်စေကြောင်းသိရသည်။
Source: Al Jazeera




















2:54 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment