Friday, July 8, 2011

ယီမင်သမ္မတဆာလဲ နိုင်ငံကို မိန့်ခွန်းပြော

သမ္မတဆာလဲ ယခုနှင့် ယခင်ပုံ
ဆာနားရှိ သမ္မတနန်းတော်ကို တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော ယီမင်သမ္မတ ဆာလဲသည် မျက်နှာတွင် မီးလောင်ဒဏ်ရာများနှင့် လက်တွင် ပတ်တီးစည်းထားသော ပုံစံဖြင့် ဒဏ်ရာရရှိပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ငံတော် ရုပ်သံတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဇွန်လ ၃ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် သမ္မတဆာလဲသည် ဆော်ဒီတွင် သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ကုသမှုခံယူ စဉ်တွင် ခွဲစိတ်မှု ရှစ်ကြိမ်ခံယူခဲ့ရကြောင်း၊ ကြာသပတေးနေ့က ရုပ်မြင်သံကြားတွင် မိန့်ခွန်းပြောကြားခဲ့ရာ တွေ့ဆုံဆွေးနွေးရေး အတွက် တောင်းဆိုခဲ့သည်။

ဆော်ဒီတွင် ရိုက်ကူးထားခဲ့သော အဆိုပါမိန့်ခွန်းတွင် သူ့ကို ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းသူများသည် ဒီမိုကရေစီ သဘောတရားကို နားမလည်သူများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယီမင်တွင် သက်တမ်းရှင် အာဏာရှင် သမ္မတကို ဖြုတ်ချရန် လူထုအုံကြွမှုများ လေးလကျော် ကြာမြင့်ခဲ့ပြီး ဖြစ်၍ ဆင်းရဲသော အာရပ်ကျွန်းဆွယ် ယီမင်နိုင်ငံသည် မတည်မငြိမ် ဖြစ်လျက်ရှိသည်။

နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အာဏာခွဲဝေ ကျင့်သုံးမည်ဆိုလျင် ဖြစ်နိုင်ကြောင်း ဆာလဲက ပြောကြား ခဲ့သည်။

“ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ ပါတယ်လို့ ပြောနေတဲ့ လူတွေ ဘယ်ရောက်ကုန်လဲ။ တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ထုတ်ဖို့ ဘာလို့ မလုပ်ချင်ရတာလဲ။” ဟူ၍ မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆော်ဒီ၌ သူဆေးကုသမှု ခံယူနေစဉ် နိုင်ငံတွင်း၊ နိုင်ငံပမှ ဖိအားများကို အံတုကာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားခဲ့သော ဒုတိယသမ္မတ အဗ္ဗဒရာဘူမန်ဆွာဟာဒီ ကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ကာတာ တက္ကသိုလ်ပါမောက္ခ အေမင်အယ်လ်ဟင်ယာရီက အမေရိကန် အနေနှင့် ဆာလဲထွက်ခွါရန် ကောင်းစွာ ဖိအားမပေးခဲ့ ကြောင်းဆိုသည်။

“အမေရိကန်နဲ့ ဆော်ဒီတို့ဟာ ဆန္ဒပြသူတွေ ဘက်ကနေ တော်လှန်ရေးအတွက် ထောက်ခံပေးရမှာပါ။ ဒါမှ ငြိမ်းချမ်းပြီး လုံခြုံရေးအတွက် စိတ်ချရနိုင်မှာပါ။”

“အကျင့်ပျက် အစိုးရကို ထောက်ခံနေတာ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။” ဟု သူကဆိုသည်။
Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။