![]() |
ဒါရိုင်လ်ဂျိမ်းစွမ်ဆန် |
သမ္မတ အိုဘာမားနှင့် မိသားစုကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ပြုခဲ့သော အော်ရီဂွန်ပြည်နယ်မှ စိတ္တဇ ဝေဒနာရှင် တစ်ဦးကို ဖမ်းဆီးပြီး ပြည်နယ် တရားရုံးတွင် အင်္ဂါနေ့က စစ်ဆေးခဲ့သည်။
ပေါ့လန်းမှ ဒါရိုင်လ်ဂျိမ်းစွမ်ဆန် ဆိုသူကို ထောက်လှမ်းရေးက သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။ ရှေ့နေများက စွမ်ဆန်သည် အော်ရီဂွန်ပြည်နယ် ရှေ့နေရုံး၊ ဝါရှင်တန်၊ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးရုံး နှင့် အေပီသတင်းဌာနများသို့ ဖုံးဖြင့်ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း ဆိုသည်။
ခရိုင်ရှေ့နေတစ်ဦဖြစ်သူ စတီဖင်ပီဖါက ပေါ့လန်းရှိ ပြည်နယ်တရားရုံးက လေကြောင်း လုံခြုံရေး ခြိမ်းခြောက်မှုများနှင့် အခြားလုံခြုံ ရေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆခဲ့ကြောင်း ဆိုသည်။ သူ့ကို နောက်လတွင် တရားစီရင်မည် ဖြစ်ကြောင်းဆို သည်။
“လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနိုင်တယ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။” ဟု ပီဖါက အေပီသတင်းသို့  ပြောပြခဲ့ သည်။
တိုင်ကြားချက်များအရ စွမ်ဆန်သည် ဖလော်ရီဒါ ပန်ဘိနယ် နယ်မြေ မဟာမင်းကြီးရုံးသို့ သုံးကြိမ် ဖုံးဆက်ခဲ့ကြောင်း၊ ဇွန်လ ၁၉ ရက်နေ့တွင် ပေါ့လန်းရှိ ရှေ့နေများရုံးသို့ အသံမက်ဆေ့ ၄၄ ခု ပေးပို့ခဲ့ကြောင်း၊ ဇွန်လ ၃၀ရက်နေ့တွင် ဆီယက်တယ်ရှိ ရှေ့နေများရုံးသို့ ဖုံးသုံးကြိမ် ခေါ်ဆိုပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ ထို့နောက် နောက်တစ်နေ့တွင်ပင် သူ့ကိုဖမ်း ဆီးလိုက်ကြောင်း သိရသည်။
မေလ ၂ ရက်နေ့ ကလည်း ဆီယက်တယ်ရှိ အေပီသတင်းဌာနသို့ ဖုံးခေါ်ဆိုခဲ့ပြီး သမ္မတနှင့် သူ့မိသားစုကို ပစ်ခတ် သတ်ဖြတ်ရန် လက်နက် ရှာဖွေနေကြောင်း ဖုံးမက်ဆေ့ဖြင့် ပြောကြား ခဲ့ကြောင်း ရှေ့နေက ပြောသည်။
“ကျုပ်က အယ်လ်ကေဒါတွေနဲ့ ဆက်သွယ်ချင် ဆက်သွယ်လို့ ရတယ်။ ပြီးတော့ လက်နက် ကောင်းကောင်းလေး တစ်ခု၊ နှစ်ခုလောက် ကိုင်ပြီးတော့ အိမ်ဖြူတော်ထဲကို ပစ်ခတ်ပြီး ဝင်သွားမယ်။” ဟု အသံမက်ဆေ့ခ်ျဖြင့် ပြောထားသည်။
အေပီသတင်းဌာနက ရှေ့နေများ ရုံးနှင့် စုံထောက်အဖွဲ့သို့ ဖုံးခေါ်ဆိုမှုအကြောင်း ပြောပြခဲ့သည်။
အေပီသို့ ဖုန်းခေါ်ဆိုမှု ပြုပြီးနောက် ထောက်လှမ်းရေး တစ်ဦးဖြစ်သူ ရော်နယ်ဘရောင်း ထံသို့လည်း ဖုန်းခေါ်ခဲ့သည်။ စွမ်ဆန်က သူ့ကိုမွေးဖွားစဉ် ကတည်းက သူ့အတွက် ရည်ရွယ်၍ ထိန်းသိမ်းစောင့်ရှောက် ထားသော ဒေါ်လာသန်း ၇၀တန် ချက်လက်မှတ်ကို သမ္မတက သူ့ကိုမပေးသေး၍ ယခုကဲ့သို့ ဖုန်းခေါ်ဆိုမှုများ ပြုပြီး ခြိမ်းခြောက်ရခြင်း ဖြစ်ကြောင်း ဘရောင်းကို ပြောပြခဲ့သည်။ ဘရောင်းကလည်း မည်သည့် အထိန်းသိမ်းခံ ငွေမှ မရှိကြောင်း သူ့ကို ပြန်လည် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် စုံထောက်အဖွဲ့မှ ဘရောင်းအိမ်ခန်းသို့ သွားရောက်ပြီး ရှာဖွေရာ မည်သည့် လက်နက်မှ မတွေ့ရသဖြင့် နောက်နောင် ဤသို့ ခြိမ်းခြောက် ပြောဆိုခြင်းများ မပြုရန် သတိပေး ပြောကြားခဲ့သော်လည်း သူက မနာခံဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် အစိုးရဌာနများကို ခြိမ်းခြောက်သော မက်ဆေ့များ ဆက်လက် ပေးပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
အင်္ဂါနေ့က တရားရုံးတွင် စွမ်ဆန်သည် သူ့ရှေ့နေမှတစ်ဆင့် စိတ်ရောဂါ ကုသမှုခံယူရန် သဘောတူညီခဲ့သည်။
စွမ်ဆန်မိသားစုနှင့် သိကျွမ်းသည့် မာ့ရော့ကနီက စွမ်ဆန်သည် စိတ်ရောဂါဝေဒနာကို ခံစားနေရသည်မှာ ဆယ်နှစ်ခန့် ရှိပြီဖြစ် ကြောင်း ဆိုသည်။
“ဒါရိုင်ဂျိမ်းစွမ်ဆန်က အေးအေးဆေးဆေး နေတတ်တဲ့ လူတစ်ဦးပါ။ သူ့ကို တစ်ယောက်ယောက် ကနေ ဦးဆောင်ပြီးတော့ ဆေးကုသမှု လုပ်ပေးဖို့ လိုပါတယ်။” ဟု ဆိုသည်။
စုံစမ်းရေး အဖွဲ့ပြောခွင့်ရ မက်စ်မီလီယံက စွမ်ဆန်၏ သမ္မတအပေါ် ခြိမ်းခြောက်မှုအပေါ် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။
Source: Fox News
0 comments:
Post a Comment