![]() |
မာချူပစ်ချူရှေးဟောင်းအဆောက်အဦများ |
ပီရူးနိုင်ငံရှိ အင်ကာခေတ် သက္ကရာဇ် ၁၄၅၀ ခန့်က တည်ဆောက်ခဲ့သော မာချူပစ်ချူ ရှေးဟောင်း အဆောက်အဦများ aတွ့ရိမှု နှစ်တစ်ရာ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယင်းရှေးဟောင်း မြို့တော်ရာကို လွန်ခဲ့သော နှစ်တစ်ရာက အမေရိကန်နိုင်ငံသား သမိုင်းပညာရှင် ဟီရမ်ဘင်ဂန်းက တွေ့ရှိခဲ့ပြီး ပီရူးနိုင်ငံအတွက် ရှေးဟောင်းနေရာ တစ်ခုအဖြစ်သာမက အမျိုးသား အထိမ်းအမှတ် တစ်ခုလည်း ဖြစ်သည်။ သို့သော် ယင်းအဆောက်အဦများနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များ ရှိနေဆဲဖြစ်သည်။
အချို့က အင်ကာဘုရင် ခိုအောင်းရာ နေရာဖြစ်သည်ဟု ထင်မြင်ယူဆကြပြီး အချို့က ဘာသာရေး ဆိုင်ရာ အဆောက်အဦ များဖြစ်သည်ဟု ယူဆကြသည်။ ထိုရှေးဟောင်း အဆောက်အဦ များတည်ရှိရာ တောင်ထိပ်ပေါ်သို့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် တစ်သန်းနီးပါး သွားရောက် လည်ပတ်လေ့လာ ကြသည်။
လွန်ခဲ့သော နှစ်တစ်ရာက သမိုင်းပညာရှင် ဟီရမ်ဘင်ဂမ်က အင်ဒီးစ် တောင်များပေါ်ရှိ တောအုပ်များ ထူထပ်စွာ အုပ်ဆိုင်းနေသော မာချူပစ်ချူကို ရှာဖွေတွေ့ရှိခဲ့သည်။ ယေးလ်တက္ကသိုလ်မှ မစ္စတာ ဘင်ဂမ်သည် ယင်းအဆောက်အဦကို ပထမဦးဆုံး တွေ့ရှိခဲ့သူ မဟုတ်ကြောင်း၊ ပီရူးလူမျိုး တစ်ဦးက သူ့ထက် ဆယ်နှစ်ခန့် စော၍ တွေ့ရှိခဲ့ကြောင်း ယခုအခါ ပညာရှင် အများအပြားက လက်ခံ လာကြသည်။
ယင်းကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ အဖြစ်အပျက်များမှာ ရှုပ်ထွေးသော်လည်း မစ္စတာဘင်ဂမ်က ယင်း အဆောက်အဦများ တည်ရှိနေမှုကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့သည်။ သူတွေ့ရှိစဉ်က ယူဆောင်လာခဲ့သော အနုပညာလက်ရာပစ္စည်း များကိုလည်း ပီရူးသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ယခုလ အကုန်ခန့်တွင် ကပ်ဇိုအနီးတွင် ပြသထားမည် ဖြစ်သည်။ နှစ်တစ်ရာ ကြာမြင့်ပြီးနောက် မာချူပစ်ချူ အနုပညာ ပစ္စည်းများ ပြန်လည်ရောက်မှုကြောင့် ပီရူးနိုင်ငံသားများ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိသည်။
Source: BBC
0 comments:
Post a Comment