Sunday, July 10, 2011

ဆီးရီးယား အတိုက်အခံများ အမျိုးသား ပြန်လည်ဆွေးနွေးပွဲအား ပယ်ချ

ဆီးရီးယား အတိုက်အခံများ ဆန္ဒပြနေစဉ်

ဆီးရီးယားက အမျိုးသား ပြန်လည် ဆွေးနွေးရေးကို လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ ယင်းဖိတ်ခေါ်ချက်သည် ဘက်သ်ပါတီ စည်းမျဉ်း၏  ဆယ်စုနှစ် (၅)ခုကြာ ပါတီပေါင်းစုံ ဒီမိုကရေစီသို့ ခြေလှမ်းတစ်ခု အဖြစ် အသွင်ဆောင်နေခြင်းလည်း ဖြစ်သည်။

အစိုးရက ယခု ဆွေးနွေးပွဲသည် မီဒီယာ ဥပဒေအသစ်များ ပါဝင်မည် ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားသွားခဲ့သည်။

"ဘယ်သူတွေက ဒီဆွေးနွေးပွဲ ဖိတ်ကြားချက်ကို တက်ရောက်မယ် ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမည်" ဟု အယ်လ်ဂျာဇီးယား သတင်းထောက် ရူလာအမင်က ပြောကြားသွားခဲ့သည်။

"ကျွန်တော်တို့ စကားပြောခဲ့ရတဲ့ အတိုက်အခံ ပုဂ္ဂိုလ်တွေကတော့ ကြားခဲ့ကြရတဲ့ အတိုင်းပဲ စကားပြောတော့ ကောင်းကြတယ် ဒါပေမယ့် ကျွန်တော်တို့ ကြည့်မှာက တကယ့် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကိုပါ။ အမျှော်အမြင် ရှိတဲ့စကားတွေက ဘာကောင်းကျိုး ရလာဒ်မှ မယူလာဘူး ဆိုတာကို သာဓက ပြခဲ့ပြီးပြီ မဟုတ်လား။"

"အမှန်တကယ် အဲဒါတွေကို မမြင်ရခင် သူတို့တွေဟာ အပြုသဘောဆောင်တဲ့ အရာတွေကို ချပြရမယ်။ ဒါပေမယ့် အနိုင်အထက် ပြုလုပ်ခြင်းကို ရုပ်သိမ်းပစ်ရမယ်။ ဒါမှ အဓိပ္ပါယ်ရှိမှာ" ဟူလည်း ထပ်လောင်း ပြောကြားသွားခဲ့သည်။

ဒမက်စ်ကက်စ်မြို့ မှာ ကျင်းပတဲ့ တာဝန် ခွဲဝေရေး ဆိုင်ရာ အစည်းအဝေးပွဲ ၂ရက် အတွင်း သူရဲကောင်းများကို ဂုဏ်ပြုသော အနေဖြင့် နိုင်ငံတော်သီချင်း မဆိုခင်တွင် ၂မိနစ်ကြာ ငြိမ်သက်နေခဲ့ကြရသည်။

ကျွန်တော်တို့ ကျယ်ပြန့်တဲ့ အမျိုးသားပြန်လည် ဆွေးနွေးပွဲတစ်ခု ကျင်းပလိမ့်မယ်။ ထို ကျင်းပနေစဉ် အတွင်း  ဆီးရီးယားရဲ့  အနာဂတ်အတွက် ပေါင်းတီပေါင်းစုံ ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး တူညီ လွတ်လပ်တဲ့ အခွင့်အရေးတွေလည်း ပေးလိမ့်မည် ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။" ဟု ဆီးရီးယား လက်ရှိသမ္မတ ဖာယူအယ်လ်ရှာယာ က အဖွင့် မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။

သမ္မတက ဇွန်လ ၂၀ရက် နေ့ကလည်း မိန်ခွန်း ပြောကြားသွားခဲ့သည်။ အောက်တိုဘာလမှ စ၍ လက်ရှိ မိန့်ခွန်းသည် ၃ ကြိမ်မြောက် မိန့်ခွန်း ဖြစ်သည်။

၎င်းနောက် သမ္မတက လက်ရှိပြန်လည် ဆွေးနွေးပွဲသည် ကျယ်ပြန့်ပြီး ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ  ပြုလုပ်ဖို့ ဆွေးနွေးရန် ဖြစ်ပြီး ဆီးရီးယား၏ နိုင်ငံရေး လောကတွင် ခေါင်းဆောင်နေသော ဘက်သ်ပါတီ၏ တန်ဖိုးထားသော ဖွဲ့စည်းပုံ ၈ခု ၏ အပိုက်ငယ် တစ်ချို့ ကို ထည့်သွင်းရန် စီစဉ်နေကြောင်း ပြောကြားသွားခဲ့သည်။

ယခု တွေ့ဆုံ ဆွေးနွေးရေး ပွဲတွင် တစ်ချို့ သော လွတ်လပ်သော ပါတီပေါင်းစုံနှင့် ၁၉၆၃ခုနှစ် ကတည်းက အာဏာရခဲ့သော ဘက်သ်ပါတီဝင် တစ်ချို့ လည်း ပါဝင်မည်ဖြစ်သည်။

ဒါပေမယ့်လည်း အတိုက်အခံ ခေါင်းဆောင်များက သဘောကွဲလွဲမှုများအတွက် ဆန္ဒပြခဲ့သော သူများအား အစိုးရဘက်မှ အကြမ်းဖက်သောကြောင့် သေဆုံးသွားသော သူများအတွက် ဆန္ဒပြလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

Facebook တစ်ခုတွင် ယခု ကျင်းပမယ့် ဆွေးနွေးပွဲအား တနိုင်ငံလုံး အထင်အရှား ကန့်ကွက်သည့် အနေဖြင့် လမ်းပေါ်ထွက်ရန် စည်းရုံးခဲ့သောကြောင့် သောကြာနေ့တွင် လူအတော်အများ စုရုံးဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် လုံခြုံရေးအဖွဲ့က အနည်းဆုံး ၁၅ယောက်ကို ပစ်သတ်ခဲ့ပြီး လူ၂၀၀ ထက်မနည်း ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြပွဲ ပါဝင်သူများက ပြောကြားခဲ့သည်။

ဆန္ဒပြမှုတွေ စတင်ကတည်းက အစိုးရက အရပ်သား ၁၃၀၀အား သတ်ဖြတ်ခဲ့ပြီး ၁၂၀၀၀ လောက်ရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးထားကြောင်း လူ့အခွင့်အရေး အဖွဲ့မှ ပြောကြားခဲ့သည်။

"ဆန္ဒပြသူများ၏ ပြောပြချက်များနှင့် တင်ပြချက်များကို ပယ်ချခဲ့ပါတယ်။ ဒါတောင်မှ တိုးတက်လာ လာပြီဖြစ်ကြောင်း ပြောနေတဲ့လူတွေ ရှိနေသေးတယ်။" ဟု သတင်းထောက်က ဆက်လက် ပြောပြခဲ့သည်။

ဒီစမ်းစစ်မှုဟာ အခုကစပြီး အစိုးရက ဘယ်လိုဆွေးနွေးမလဲ။ ပြီးတော့ ပြောနေတဲ့ စကားလုံးတွေကို အပြုသဘော ဖြစ်အောင် ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မကြာခင် ပြသသွားပါလိမ့်မယ်။

"ကျွန်တော်တို့ အရမ်းပြင်းထန်တဲ့ အဆိုပြုချက်တွေ အဲဒီအခန်းထဲကနေ ကြားခဲ့ရပါပြီ။ အစိုးရသစ် ဖြစ်လာမယ့် သူတွေတောင် ကြားကြရမှာပါ။ အချို့ က ဒီကာကွယ်ရေး စနစ်ကို ဖျက်ချဖို့ ပြီးတော့ အဓိက အသွင်ပြောင်းလဲမှုဟာ လူတွေ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် စတာတွေကို ပြည်တွင်း ရုပ်မြင်သံကြားမှ ဖုံးကွယ်ခဲ့ပါတယ်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။