![]() |
လွန်ခဲ့သောနှစ်က မြေအောက်တွင်ပိတ်မိနေသော လုပ်သားများ |
လွန်ခဲ့သောနှစ်က မိုင်းတွင်းပြိုကျသဖြင့် မြေအောက်တွင် ၆၉ ရက်ကြာ ပိတ်ပိနေခဲ့သော ချီလီမိုင်းတွင်း လုပ်သားများက အစိုးရ၏ လက်လွတ် စပယ် ပြောကြားခဲ့သည့် ဘေးကင်းလုံခြုံရေး စံနစ်များ မကောင်းသဖြင့် ဖြစ်ရသည်ဟူသော စကားအပေါ် မကျေမနပ်ဖြစ်ကာ တရားစွဲဆိုထားကြသည်။
ချီလီမြောက်ပိုင်းရှိ ဆန်းဟို့ ရွှေနှင့် ကြေးနီသတ္တုတွင်း လုပ်ငန်းတွင် တွင်းပြိုကျခဲ့သဖြင့် ယမန်နှစ် သြဂုတ်လ ၅ ရက်နေ့မှ အောက်တိုဘာ ၁၃ အထိ လုပ်သား ၃၃ ဦး ပိတ်မိနေခဲ့ကြသည်။ ထိုအထဲမှ ၃၁ ဦးက အစိုးရကို တရားစွဲဆိုပြီး တစ်ဦးချင်းစီအ တွက် ဒေါ်လာ ၅၄၀,၀၀၀ နစ်နာကြေး ရလိုကြောင်း တောင်းဆိုထားသည်။
သတ္တုတွင်းတွင်း၏ ဘေးကင်းမှုနှင့် လုပ်ငန်းခွင်အခြေအနေများ စံချိန်စံညွှန်းမီ၊ မမီစုံစမ်းစစ်ဆေးရန် အမျိုးသားဘူမိနှင့်သတ္တု တွင်းဝန်ကြီးဝန်ကြီးဌာနမှ ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ကြောင်း သူတို့က စွပ်စွဲထားသည်။
တရားလိုတစ်ဦးဖြစ်သူ ကလော်ဒီယိုယာနက်ဇ်က သတ္တုတွင်းတွင် မတော်တဆဖြစ်မှုများ ဖြစ်ပွားခဲ့ဖူးပြီး တစ်ကြိမ်တွင် ပိတ်လိုက် ရသည်ဟု ဆိုသည်။
“၂၀၀၅ နဲ့ ၂၀၀၇ တုန်းက အဲဒီသတ္တုတွင်းမှာ သေဆုံးမှုနှစ်ခုဖြစ်ခဲ့တယ် ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီအချိန်က စပြီးတော့ အန္တရာယ်ရှိတဲ့ သတ္တုတွင်းတစ်ခုဖြစ်လာခဲ့ပါတယ်။”
“သတ္တတွင်းရဲ့ အခြေအနေတွေကို အစိုးရက အခြေခံကနေစပြီးတော့ နားလည်သဘောပေါက်စေချင်တယ်။ အခုကျွန်တော်တို့ လုပ်သား ၃၁ ဦးရဲ့ခံစားခဲ့ရတဲ့ အခြေအနေတွေ၊ ကျွန်တော်တို့မိသားစုတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်သဘောပေါက်စေချင်ပါတယ်။” ဟု လူးဝစ်အာဇွာ ကသတင်းထောက်များကို ပြောပြခဲ့သည်။
အဆိုပါ လုပ်သားများကို ကယ်ဆယ်စဉ်အခါက မြေအောက်မီတာ ၇၀၀ အနက်မှနေ၍ တစ်ဦးပြီးတစ်ဦး အပေါ်သို့ဆွဲတင် ကယ်ဆယ်ခဲ့ပုံကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ကြသည်။
Source: Al Jazeera
0 comments:
Post a Comment