၂ဝဝ၉ ခုနှစ်အတွက် တွက်ချက်ထားသော ဂျပန်နိုင်ငံ၏ ဆင်းရဲမှု စံချိန်သည် ၁၆.ဝ%သို့ ရောက်ရှိ လာခဲ့ပြီး ၂ဝဝ၆ခုနှစ်က တွက်ချက်ခဲ့သော စံချိန်ထက် ဝ.၃% မြင့်တက်လာကြောင်း တွေ့ရသည်။
"လူဦးရေ မြင့်တက်လာမှုကြောင့် အသက် (၆၅)နှစ်/အထက်နှင့် ပုံမှန်အလုပ်မရှိသော အလုပ်သမား များ၏ နေ့စဉ်ဝင်ငွေ လျော့ကျသွားခဲ့ပါတယ်" ဟု လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အင်္ဂါနေ့က ပြောကြားသွားခဲ့သည်။
၎င်းဆင်းရဲမှု စံချိန်သည် ပုံမှန် ဂျပန်လူမျိုး တစ်ယေက်အတွက် တွက်ချက်ပြီးသား ပျမ်းမျှ နှစ်စဉ်ဝင်ငွေထက် တစ်ဝက်မျှ ကွာသွားကြောင်း ဖော်ပြလျက်ရှိသည်။ ထို့အပြင် ၁၉၈၅ ခုနှစ်မှ စ၍ စာရင်းပြုစုခဲ့သော အစိုးရ၏ အစီရင်ခံစာအရ လက်ရှိ ဆင်းရဲမှုနှုန်းသည် အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ ၂ဝဝ၉ ခုနှစ်အတွက် ဂျပန်လူမျိုးတစ်ဦး၏ ပျမ်းမျှ တစ်နှစ် ဝင်ငွေသည် ၂.၂၄ သန်း၊ အမေရိကန် ဒေါ်လာ (၂၈,ဝဝဝ) ခန့်သာရှိကြောင်း တွက်ချက်မှုများအရ သိရသည်။
0 comments:
Post a Comment