Monday, September 5, 2011
ဂျပန်ကို တိုင်ဖွန်း တားလက်စ်ဝင်ရောက်
ဂျပန်အနောက်ဘက်တွင် တိုင်ဖွန်းတားလက်စ် ဝင်ရောက် တိုက်ခတ်သွားမှုကြောင့် ၄၃ ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးသူ အချို့ ရှိခဲ့သည်။
မုန်တိုင်းသည် တနင်္ဂနွေနေ့က မြောက်ဘက်သို့ ဦးတည်ပြီး ဂျပန်ပင်လယ်သို့ရွေ့လျားရာ လမ်းကြောင်းတွင် ရေကြီးခြင်းများ၊ မြေပြိုခြင်းများကြောင့် လူပေါင်း ၄၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ကြရသည်။
မုန်တိုင်းဖြစ်ပေါ်ချိန်လေတိုက်နှုန်းသည် အမြင့်ဆုံး တစ်နာရီ ၁၄၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်ကြောင်း အယ်လ်ဂျာဇီယာ သတင်းထောက် စတိဗ်ခါအိုက အီရှီနိုမာကီမှ သတင်းပေးပို့ခဲ့သည်။
“မုန်တိုင်းက ဖြည်းဖြည်းချင်းပဲသွားနေတာဆိုတော့ တောင်ပိုင်းမှာ အလွန့်အလွန်သည်းထန်တဲ့ မိုးသက်မုန်တိုင်းကို ဖြစ်ပေါ်စေပါတယ်။” ဟု ဆိုသည်။
နာရာရပ်ကွက်တစ်ခုတည်းတွင်ပင် မိုးရေချိန် ၁,၆၀၀ မီလီမီတာအထိရွာသွန်းခဲ့ပြီးတော့ မြေပြိုကျရာမှာ အိမ်ပျက်ပြီးပါသွားတဲ့ အသက် ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့ပါတယ်။ လတ်တလောတွင် လူပေါင်း ၇၃,၀၀၀ ခန့်လျှပ်စစ်မီးပြတ်တောက် လျက်ရှိသည်။
NHK သတင်းဌာနမှ ကြေငြာချက်အရ ဂျပန်နိုင်ငံ အနောက်အလယ်ပိုင်းရှိ ရပ်ကွက် ၁၈ ခုတွင် လူပေါင်း ၉၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ကီ ကျွန်းဆွယ်နှင့် နယ်နမိတ်ဒေသများသို့ မိုးကြီးလေကြီး ဆက်လက် ရွာသွန်းမည် ဖြစ်ကြောင်း သိရသည်။
တားလက်စ်မုန်တိုင်း ကြာသပတေးနေ့ စတင်ချဉ်းကပ်လာစဉ်ကတည်းက နာရားတွင် မိုးရေချိန် ၁,၈၀၀ မီလီမီတာ၊ မီအီတွင် ၁,၅၀၀ မီလီမီတာ နှင့် ဝါကါယာမာတွင် ၁,၁၀၀ မီလီမီတာတို့ဖြင့် စံချိန်တင်မိုးရေချိန်ဖြစ်ခဲ့သည်။
ညဘက်ရွာသွန်းမည့်မိုးရေချိန်နောက်ထပ် ၅၀ မှ ၈၀ မီလီမီတာအထိရှိနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနမှ ပြောကြားသည်။
Source: Al Jazeera
0 comments:
Post a Comment