Saturday, September 3, 2011
ဝီကီလိခ် တည်ထောင်သူ အက်ဆန်း သြစတြေးလျတွင် တရားရင်ဆိုင်ရဖွယ်ရှိ
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်းသည် သြစတြေးလျနိုင်ငံ တရားရုံးတွင် တရားရင်ဆိုင် ရဖွယ်ရှိသည်။ သူတည်ထောင်ထားသော ဝီကီလိခ် ဝက်ဘ်ဆိုက်မှ အမေရိကန် သံတမန်ဆိုင်ရာ လျှို့ဝှက်မှတ်တမ်းမှတ်ရာ ၂၅၀,၀၀၀ ကျော်ကို အင်တာနက်ပေါ်တွင် ဖွင့်ချခဲ့သည်။
သြစတြေးလျ တရားသူကြီးချုပ် ရောဘတ်မက်ကလီလန်းက ဝီကီလိခ်အုပ်စုသည် အင်တာနက်ပေါ်မှ ဖျက်ချခိုင်းထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွင့်ချထားမှု မှတ်တမ်း မှတ်ရာများ၊ နိုင်ငံတစ်ခုခုနှင့် သက်ဆိုင်သော လုံခြုံရေးဆိုင်ရာ အချက်အလက်အလက် များကို ပြန်လည် ဖျက်ချပေးခြင်း
ဆောင်ရွက်မှု မရှိသည့် အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
နောက်ထပ် ထွက်ပေါ်လာသော ပေါက်ကြားမှု အချက်အလက် သစ်များတွင် သြစတြေးလျ သူလျှိုအေဂျင်စီ ASIO နှင့် ပတ်သက်သော အချက်အလက်များ အင်တာနက်ပေါ်တွင် ရှိနေကြောင်း ဆိုသည်။
“သြစတြေးလျနဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး အကျိုးဆက် ထိခိုက်မှုတွေ ဘယ်လောက် ရှိသလဲဆိုတာ ASIO နဲ့ အခြား အစိုးရ အဖွဲ့အစည်းတွေက စုံစမ်းနေပါတယ်။” ဟု မက်ကလီလန်းက သောကြာနေ့က ပြောခဲ့သည်။
အက်ဆန်းသည် သြစတြေးလျ နိုင်ငံသားဖြစ်ပြီး အင်္ဂလန်တွင် အာမခံဖြင့် နေနေသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ
ပြစ်မှုဖြင့် ဆွီဒင်က အလိုရှိနေပြီး ဆွီဒင်သို့ လွှဲပြောင်း မပေးအတွက် ခုခံနေသူဖြစ်သည်။ ယခင်က သူနှင့် တွဲဘက်မီဒီယာများကလည်း အမေရိကန် သံတမန်ဆိုင်ရာ သတင်းအချက်အလက်များ ထပ်မံ ဖွင့်ချခြင်းကို ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အန္တရာယ်များသော လုပ်ရပ်အဖြစ် ပြောဆိုခဲ့ကြသည်။
ထို့နောက် ငါးပွင့်ဆိုင် ထုတ်ပြန်သော ကြေငြာချက်တွင် သောကြာနေ့က အင်တာနက်တွင် အသစ်ထပ်မံ
ပေါ်ထွက်လာခဲ့သော သတင်းအချက်အလက်ဖွင့်ချမှုတွင် သူတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကြေငြာခဲ့သည်။
“အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သတင်း အချက်အလက် တွေကို ဝီကီလိခ်က ဖွင့်ထုတ်လိုက်တဲ့အပေါ် အတော်အံ့သြမိ ပါတယ်။ ဒါဟာ အန္တရာယ်ကြီးပါတယ်။” ဟု ရေးသားထားသော ကြေငြာချက်ကို အင်္ဂလန် ဂါးဒီးယန်း၊ အမေရိကန် နယူးယောက်တိုင်းမ်၊ ဂျာမဏီ ဒါစပီးဂဲလ်နှင့် စပိန် အယ်လ်ပါအစ် တို့တွင် ဖေါ်ပြထားသည်။
“အရင်က ဝီကီလိခ်နဲ့ လက်တွဲပြီး ထုတ်ဝေခဲ့တဲ့ သတင်း အချက်အလက်တွေက အသေအချာ တည်းဖြတ်ပြင်ဆင်ပြီး၊ နောက်ကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်တယ်ဆိုမှ တင်ခဲ့တဲ့ အချက်အလက်တွေပါ။ ဒီနေ့ သူတင်လိုက်တဲ့ သတင်းအချက်အလက် တွေကတော့ သူ့တစ်ယောက်တည်းသဘောနဲ့ သူလုပ်သွားတာဖြစ်ပါတယ်။”
သောကြာနေ့က ဝီကီလိခ်ဝက်ဘ်ဆိုက်တွင် အမေရိကန် သံတမန်ဆိုင်ရာ သတင်း အချက်အလက်ပေါင်း ၂၅၀,၀၀၀ ကို စကားဝှက် (Password) မလိုပဲ အင်တာနက် လိပ်စာတစ်ခုဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ပြီ
ဖြစ်ကြောင်း ရေးသားထားသည်။
ဝီကီလိခ်၏ တွစ်တာ စာမျက်နှာတွင်လည်း “သတင်းအချက်အလက် ဖွင့်ချမှု အမှတ် 2း 251,287 အမေရိကန် သံတမန် ဆိုင်ရာ သတင်းအချက်အလက်များ ရှာဖွေကြည့်ရှုနိုင်ပြီ။” ဟု
ကြေငြာထားသည်ကို တွေ့ရသည်။
0 comments:
Post a Comment