Thursday, September 22, 2011
ဂျပန် ဆဲဗင်း-အလဲဗင်း ဆိုင်များတွင် အရေးပေါ်ဖုံးများတပ်ဆင်မည်
တိုကျိုရှိ ဆဲဗင်း-အလဲဗင်းဆိုင်များတွင် အရေးပေါ်ဖုံးများတပ်ဆင်ထားမည်ဟုသိရသည်။ စက်တင်ဘာလ ၇ ရက်နေ့က ချီယိုဒါရပ်ကွက်ရှိ ဆဲဗင်း-အလဲဗင်းဆိုင်များတွင် စတိုးဆိုင်အုပ်ချုပ်ရေးနှင့် အရှေ့NTT တို့မှ အရေးပေါ်ဖုံးများလိုက်လံတပ်ဆင် လျက်ရှိသည်။ ယခုနှစ်ကုန်ခန့်တွင် တိုကျိုရှိ ရပ်ကွက် ၂၃ ခုမှ ဆိုင်ပေါင်း ၁,၂၀၀ တွင် ဖုံးများတပ်ဆင်ပြီးစီးနိုင်ရန် သတ်မှတ် ထားသည်။
မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီဒဏ်ရပြီးနောက်ပိုင်း ဖုံးလိုင်းများပျက်စီးသွားပြီး လိုင်းများ ကြပ်သွားချိန်တွင် လူအများကလည်း ဖုံးခေါ်ဆိုမှုများတိုးပွားလာမှုကြောင့် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ယင်းသို့စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆဲဗင်း-အလဲဗင်းမှ ယင်းဖုံးနှင့်ပတ်သက်၍ ပြောကြားရာတွင် အရေးပေါ်သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်၊ ဆူနာမီ၊ မုန်တိုင်းများ ကျရောက်ခြင်း သို့မဟုတ် လျှပ်စစ်မီးပြတ်တောက်ချိန်များတွင်သာ ဖုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုံးကို အသုံးပြုခ ပေးဆောင်ရန်မလိုပဲ အကယ်၍ ဆက်သွယ်လိုသူများ ဆိုင်အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေရမည်ဆိုလျှင် အဆင်ပြေစေ ရန်အတွက် ကြိုးကိုအပြင်ဘက်သို့ရောက်အောင် ရှည်ရှည်ထားပေးနိုင်ကြောင်းသိရသည်။
Source: Japan News Media
0 comments:
Post a Comment