Sunday, September 25, 2011
ပရင်တာဖြင့် ငွေစက္ကူအတု ထုတ်သူ
အိမ်သုံးရောင်စုံပရင်တာကို အသုံးပြု၍ ဂျပန် ယန်းပိုက်ဆံ ၁၀,၀၀၀ တန်ငွေစက္ကူအတူလုပ်မှုဖြင့် တိုကျို အက်ဒိုဂါဝါရပ်ကွက်နေ အသက် ၃၈ နှစ်ရှိ အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်ကြောင်း ရဲကပြောသည်။
ဖူဂျီတီဗီသတင်းမှ ကြေငြာချက်အရ ရီကာမီအူရာအမည်ရှိ ယင်းအမျိုးသမီးသည် ၁၀,၀၀၀ တန်ငွေစက္ကူ ၆၉ ချပ်ကို ပရင်တာဖြင့် ထုတ်ပြီး မိတ်ဆွေတစ်ယောက်ကို ပေးခဲ့သည်။ ထိုသူထံတွင် မီအူရာသည် အကြွေးများပေးရန်ရှိပြီး ငွေလည်းပြတ်လပ်နေသဖြင့် ကြံရာမရသဖြင့် ထိုသို့လုပ်ခဲ့ကြောင်း ရဲသို့ပြောပြခဲ့သည်။ ထိုသူက သူ့၏ ဘဏ်စာရင်းသို့ထိုငွေစက္ကူများကို ATM စက်မှတစ်ဆင့် သွင်းရာ စက်က လက်မခံဘဲ ပြန်ထွက်လာကြောင်း ဖူဂျီတီဗီ သတင်းမှ ကြေငြာခဲ့သည်။
မီအူရာက ယင်းငွေစက္ကူများကို အကြွေးပေးရန်အတွက်သာ အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း အခြားနေရာများတွင်လည်း နံပါတ်တူ ငွေစက္ကူတု ၁၄ ရွက်သုံးစွဲထားကြောင်း ဖေါ်ထုတ်သိရှိခဲ့သည်ဟု ရဲကဆိုသည်။




















2:38 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment