![]() |
| မူတာဆင်မ်ကဒါဖီ |
ကဒါဖီ၏သားတစ်ဦးဖြစ်သူ မူတာဆင်မ်ကဒါဖီကို ဆာ့တ်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု အငြင်းပွားဖွယ်သတင်းတစ်ခုထွက်ပေါ် လာခဲ့သည်။ မူတာဆင်မ်ကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ပြီး လတ်တလောဘန်ဂါဇီတွင် ထိန်းသိမ်းထားရှိသည်ဟု လစ်ဗျား အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။
ထရီပိုလီတော်လှန်ရေးကောင်စီ၏ ကာနယ်လ်အဗ္ဗဒူလာ နက္ကာက မူတာဆင်ကို ဖမ်းဆီးရမိခဲ့ကြောင်းပြောကြားခဲ့သည်။
ဘန်ဂါဇီရှိ NTC ပြောရေးဆိုခွင့်ရှိသူ ဂျာလာအယ်လ်ဂါလာက `မူတာဆင်ကို ဖမ်းဆီးခဲ့တဲ့သတင်းကို အတည်ပြုပေးနိုင် ခြင်းမရှိသေးတဲ့ အတွက် ကျွန်တော်တို့လည်း စိုးရိမ်နေပါတယ်။` ဟု ရိုက်တာသတင်းကိုပြောကြားခဲ့သည်။
သို့သော်ကဒါဖီ၏ မွေးဇာတိဖြစ်သော ဆာ့တ်မြို့တွင် ကဒါဖီ၏သားနှင့်နီးစပ်သော တိုက်ခိုက်ရေးသမားများကို ဖမ်းဆီးရမိခဲ့ ကြောင်း အယ်လ်ဂါလာက ပြောဆိုခဲ့သည်။
မူတာဆင်ကို ဖမ်းဆီးရမိသည့် သတင်းထွက်ပေါ်လာပြီးနောက် ဆာ့တ်မြို့တွင် NTC တပ်များဗုဒ္ဓဟူးနေ့ညက အောင်ပွဲခံခဲ့ကြ သည်။ ထရီပိုလီတွင်လည်း မြို့သားများလမ်းပေါ်ထွက်ကာ သေနတ်များပစ်ဖေါက်ခြင်း၊ ကားဟွန်းများတီးခြင်းဖြင့် အောင်ပွဲခံခဲ့ ကြလေသည်။
ထရီပိုလီမြို့ရောက် အယ်လ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက NTC အကြီးတန်းအရာရှိများနှင့်တွေ့ဆုံပြီးမေးမြန်းခဲ့ရာ သူတို့လည်း ဖမ်းမိသည့်သတင်းကိုကြားကြောင်း၊ သို့သော် အတည်ပြုပေးနိုင်ရန်ခက်ခဲကြောင်းဆိုသည်။ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးကလည်း မူတာဆင်မ်ကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့သည့်သူ မရှိသေးကြောင်း ဆိုသည်။
သြဂုတ်အတွင်းကလည်း ကဒါဖီ၏ သား ဆာအစ်အယ်လ်အစ္စလာမ်ကို ဖမ်းဆီးရမိကြောင်း NTC မှအတည်ပြုပြောဆိုခဲ့သော် လည်း နာရီပိုင်းအကြာတွင် ဆာအစ်သည် လမ်းမပေါ်သို့လူလုံးထွက်ပြခဲ့ပြီး သတင်းမှားကြောင်း သက်သေပြခဲ့သည်။
မူတာဆင်မ်ကို အမှန်တကယ်ဖမ်းဆီးရမိခဲ့သည်ဆိုလျှင် NTC အကြီးအကဲများက ကဒါဖီနှင့် အခြားသားများမည်သည့်နေရာတွင် ရှိနေကြောင်း စစ်ဆေးမေးမြန်းရန် စိတ်အားထက်သန်နေကြလေသည်။
မူတာဆင်မ်မှာ အခြားသူ့ညီအစ်ကိုသုံးဦးဖြစ်သော ဆာအစ် အယ်လ်အစ္စလာမ်၊ ခါမစ် နှင့် ဆာဒီတို့ကဲ့သို့ နိုင်ငံရေးတွင် နာမည် ကြီးခြင်းမရှိသော်လည်း ကဒါဖီအာဏာရှိစဉ်က သူ့ဖခင်၏အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ဖူးသည်။
ဆာအစ်ကိုမူ ကဒါဖီကို ဆက်ခံမည့်သားဟု အမှတ်သညာထားခဲ့ကြသည်။ ခါမစ်သည် တိုင်းပြည်တွင် အာဏာအကြီးဆုံးစစ်တပ် ကိုကိုင်တွယ်ခဲ့သည်။
ထို့နောက် လူထုအုံကြွမှုကြီးပေါ်ပေါက်လာသောအခါ သူတို့အားလုံးတက်ညီလက်ညီပင် ဖိနှိပ်ချေမှုန်းခဲ့သည့်အတွက် လစ်ဗျား ပြည်သူများ၏ မုန်းတီးရွံရှာမှုကိုခံကြရလေသည်။ ဆာအစ်၊ ဆာဒီနှင့် ခါမစ်တို့ ယခုအခါမည်သည့်နေရာတွင်ရှိနေသည်ကို မသိရှိ ရပေ။
Source: Al Jazeera




















11:36 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment