Friday, October 14, 2011
ကင်ညာတွင် စပိန်အမျိုးသမီးနှစ်ဦး ပြန်ပေးဆွဲခံရ
ကင်ညာနိုင်ငံ ဒါးဒက်ဘ်ဒုက္ခသည်စခန်းတွင် အလုပ်လုပ်နေသော နယ်စည်းမခြားဆေးဝါးကူညီရေးအဖွဲ့ (Medecins Sans Frontieers – MSF ) မှ စပိန်အမျိုးသမီးနှစ်ဦးကို ဆိုမာလီသူပုန်အုပ်စု အယ်လ်ရှာဘက် အဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသတွင်း ရဲမှူး လီယိုနွန်ဂတ်ဆာက AFP သတင်းသို့ပြောသည်။
သို့သော် အယ်လ်ရှာဘက်သူပုန်အဖွဲ့က ငြင်းဆိုသည်။
MSF အဖွဲ့ဝင်များသည် လုံခြုံရေးအကူအညီမပါဘဲ ခရီးသွားလာလေ့ရှိကြောင်း ဒါးဒက်ဘ်ခရိုင်မင်းကြီးက အယ်လ်ဂျာဇီယာသို့ ပြောသည်။ စစ်ဘက်ရဟတ်ယာဉ်များကို အသုံးပြု၍ ဖမ်းဆီးခံထားရသော အမျိုးသမီးနှစ်ဦးကို ရှာဖွေနေကြောင်းဆိုသည်။
`နယ်စပ်ကိုတော့ပိတ်ထားလိုက်ပါပြီ။ စစ်ရဟတ်ယာဉ်တွေကို အသုံးပြုပြီးဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးကို ရှာဖွေနေ ပါတယ်။`
`ဆိုမာလီတွေ အသုံးပြုနေတဲ့ မှောင်ခိုလမ်းတွေမှာ ဒီလိုပြန်ပေးဆွဲဖမ်းဆီးခံရမှုတွေ အများအပြားဖြစ်ပွားနေခဲ့တာ ကြာပါပြီ။ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနှစ်ဦးဟာ အခုလောက်ဆို ဆိုမာလီကိုရောက်နေလောက်ပြီ။`
`ကင်ညာရဲတွေကတော့ အယ်လ်ရှာဘက်လုပ်တယ်လို့ပဲ စွပ်စွဲထားကြပါတယ်။`
`ဒီကိစ္စကို ကျွန်တော်တို့ အပြင်းအထန်ကန့်ကွက်ပါတယ်။` ဟု စပိန် MSF ၏ ဥက္ကဋ္ဌ ဟိုဆေးအန်တိုနီယို ဘက်စ်တော့က ပြောပါတယ်။
`သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ MSF အဖွဲ့နဲ့ အဆက်အသွယ်ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေကို ပြန်ရဖို့အတွက် အမြန်ဆုံး ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။`
လက်ရှိအချိန်တွင် ဒါးဒက်ဘ်ဒုက္ခသည်စခန်းသည် ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး ဆိုမာလီမိုခေါင်ရေရှားမှုကြောင့် ထွက်ပြေးခိုလှုံလာကြသော အငတ်ဘေးဒုက္ခသည် ဦးရေ ၃၈၀,၀၀၀ ရှိနေသည်။
လွန်ခဲ့သော သုံးပတ်ခန့်ကလည်း Care Kenya အဖွဲ့တွင်အလုပ်လုပ်နေသော ဒရိုင်ဘာတစ်ဦးပြန်ပေးဆွဲခံခဲ့ရပြီး ကင်ညာတွင် အလုပ်လုပ်နေသော အကူအညီပေးရေးအဖွဲ့များ၏ လုံခြုံရေးအား စိုးရိမ်စရာဖြစ်လာသည်။
ဆိုမာလီအသွင်ကူးပြောင်းရေးပြည်ထောင်စုအစိုးရနှင့် အာဖရိကသမဂ္ဂပူးပေါင်းတပ်များက အယ်လ်ရှာဘက်သူပုန်များအား အပြင်းအထန်ချေမှုန်းနေခြင်းကြောင့် အယ်လ်ရှာဘက်သူပုန်များက ပြန်ပေးဆွဲမှုများကို ဗျူဟာတစ်ခုအဖြစ်လုပ်ဆောင်လာနေ ခြင်းဖြစ်နိုင်ကြောင်း လေ့လာအကဲဖြတ်သူများက သုံးသပ်ကြသည်။
လွန်ခဲ့သောရက်သတတ္တပတ်အနည်းငယ်ခန့်ကလည်း ပြင်သစ်အမျိုးသမီးတစ်ဦးနှင့် ဗြိတိန်ကမ္ဘာလှည့်ခရီးသွားတစ်ဦးတို့လည်း ဆိုမာလီနယ်စပ်အနီးတွင် ပြန်ပေးဆွဲခံခဲ့ရသည်။
ပြင်သစ်အမျိုးသမီးအား အောက်တိုဘာ ၁ ရက်နေ့က လီမားမြို့ရှိ သူမ၏နေအိမ်အနီးတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။
ကင်ညာအာဏာပိုင်များက လိုက်လံဖမ်းဆီးခြင်းသော်လည်း ပြန်ပေးသမားများက ဆိုမာလီနိုင်ငံတွင်းဝင်ရောက်ထွက်ပြေးလွတ် မြောက်သွားခဲ့ကြသည်။ အစိုးရက အယ်လ်ရှာဘက် သူပုန်အဖွဲ့ကို အပြစ်တင်ပြောကြားခဲ့သည်။
စက်တင်ဘာအစောပိုင်းကလည်း ဆိုမာလီပင်လယ်ဓါးမြများက လီမားမြို့တွင် ဗြိတိန်နိုင်ငံသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး သူ့ဇနီး အားပြန်ပေးဆွဲသွားခဲ့သည်။
Source: Al Jazeera




















11:43 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment