ဂျပန်နိုင်ငံအတွင်း နိုင်ငံခြားသားခရီးသည်တွေ အ၀င်များလာတာကြောင့် ဂျပန်နိုင်ငံသားများရော ဂျပန်နိုင်ငံသားမဟုတ်သူတွေ အတွက်ရောအတွက် လွယ်ကူချောမွေ့စေမယ့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းဆောင်တာများကို ရိုးရိုးရှင်းရှင်းလုပ်ဖို့စီစဉ်ထား ကြောင်း ဂျပန်တရားရေးဝန်ကြီး ဟီဒီအိုဟိုင်ရာအိုကာက သောကြာနေ့က ပြောလိုက်ပါတယ်။
ရက်ပိုင်းလောက်သာနေပြီး အထင်ကရနေရာတွေကိုလှည့်လည်ကြည့်ရှုမယ့် ဧည့်သည်တွေအတွက်တော့ ပိုပြီးလွယ်ကူမြန်ဆန် အောင်ဆောင်ရွက်သွားပေးမှာဖြစ်ပြီး ဂျပန်လူမျိုးတွေအတွက် အလိုအလျှောက်အလုပ်လုပ်ပေးမယ့် လူမဲ့ အ၀င်အထွက်အပေါက် တွေထားပေးသွားမယ်လို့ ၀န်ကြီးများအစည်းအဝေးအပြီးမှာ တရားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
သောကြာနေ့မှာ ၀န်ကြီးဖွဲ့စည်းပေးထားတဲ့ ပြင်ပကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ အစိုးရချမှတ်ထားတဲ့ ၂၀၁၉ ခုနှစ်မှာ ဧည့်သည်ဦးရေ ၂၅ သန်းဝင်ရောက်လာရေးဆိုတဲ့ မူဝါဒအပေါ်မှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။
အဲဒီနောက် မတ်လ လောက်မှာ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ထွက်ပေါ်လာမှာဖြစ်ပြီး ၂၀၁၃ မှာစပြီးတော့ လွယ်ကူမြန်ဆန် ရေးအစီအစဉ်တွေကို အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။
ဂျပန်ကို နိုင်ငံခြားသားဝင်ရောက်မှုက မြင့်တက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ၉.၄၄ သန်းဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ်ကစပြီး အစိုးရကအကြမ်းဖက်သမားများဝင်ရောက်မှုတားဆီးကာကွယ်နိုင်ဖို့အတွက် လေဆိပ်မှာကတည်းက လက်ဗွေနှိပ်ခိုင်းတဲ့ အတွက် မိနစ် ၂၀ လောက်အချိန်ယူရပါတယ်။
လူစောင့်စရာမလိုတဲ့ အ၀င်အထွက်အပေါက်များအပြင် လက်ဗွေရာပါပြီးသား ပတ်စ်ပို့ ကိစ္စများ၊ မျက်နှာသွင်ပြင်အနေအထားများနဲ့ အခြား ဒီဂျစ်တယ်ဆိုင်ရာ တစ်ဦးချင်စီ၏ သွင်ပြင်လက္ခဏာများကို အချိန်တိုအတွင်း ခွဲခြားမှတ်သားနိုင်မယ့် နည်းလမ်းများကို ၀န်ကြီးဖွဲ့စည်းပေးထားတဲ့ အဖွဲ့က အဓိကထားဆွေးနွေးမယ်လို့မျှော်လင့်ရပါတယ်။
နိုင်ငံခြားသားဧည့်သည်များကို စစ်ဆေး၊ လက်ဗွေနှိပ်ရာမှာ အသုံးပြုနေတဲ့ အဆင့်မြင့်နောက်ဆုံးပေါ် လက်ဗွေဖတ်မှတ်စက်တွေ ဟာ မကြာခဏအလိမ်ခံရတဲ့အတွက် ပြန်လည်လေ့လာသုံးသပ်ဦးမယ်လို့ဆိုပါတယ်။
Source: Daily Yomiuri Online
0 comments:
Post a Comment