Thursday, November 10, 2011
ဆီးရီးယားတွင် ပြည်တွင်းစစ်ဖြစ်ပွားနိုင်ကြောင်း ကုလသတိပေး
ဆီးရီးယားတွင် စစ်တပ်မှအတိုက်အခံဘက်သို့ကူးပြောင်းလာနေမှုများတစ်စ၊ တစ်စ များပြားလာသဖြင့် လစ်ဗျားပုံစံ ပြည်တွင်းစစ်ဖြစ်ပွားမည့် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂကသတိပေးပြောကြားလိုက်သည်။
“ဆီးရီးယားမှာ အခြေခံလူ့အခွင့်အရေးတွေ ရိုက်ချိုးခံရပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံ နေရတယ်။ အဲဒီတော့ တဖြည်းဖြည်းနဲ့ လူတွေက ဖိနှိပ်တဲ့အာဏာရှင်ကို ပုန်ကန်တော်လှန်ဖို့အတွက် တဖြည်းဖြည်း ချင်း အင်အားတွေရလာနေတယ်။”
“လစ်ဗျားမှာ ဖြစ်ခဲ့ဖူးပြီ။ ဆီးရီးယားမှာလည်း ဖြစ်လာနိုင်တယ်။” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ နာဗီပစ်လေးက အရပ်သားများအား လက်နက်ကိုင်ပဋိပက္ခများမှကာကွယ်ရေးဆွေးနွေးပွဲတွင် ဗုဒ္ဓဟူးနေ့ကပြောကြား ခဲ့သည်။
မြို့တော်ဟားမားစ်အလယ်ပိုင်း ရွာများကို အစိုးရလက်နက်ကိုင်စစ်တပ်များဖြင့် ဝင်ရောက်ချေမှုန်းရန် ညွန်ကြားခဲ့ပြီး ဆန္ဒပြသူများဘက်သို့ ဘက်ပြောင်းရပ်တည်သွားကြသော စစ်သားများကလည်း အာဆက်၏ အမိန့်ကိုဖီဆန်ကာ အစိုးရကိုအန်တုလာမှုများ ပြုလာခြင်းကြောင့် ပစ်လေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
Source: Al Jazeera




















3:50 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment