![]() |
| RQ-170 |
အီရန်စစ်တပ်က အမေရိကန်မောင်းသူမဲ့ ဒရုန်းသူလျှိုလေယာဉ်တစ်စင်းကို အပိုင်စီးခဲ့ကြောင်း အီရန်သတင်းဌာနက ဖေါ်ပြသည်။
“အီရန်စစ်တပ်ကနေပြီးတော့ အီရန်အရှေ့ပိုင်းကိုကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန် RQ-170 ဒရုန်း တစ်စင်းကို ရယူနိုင်ခဲ့ပါတယ်။” ဟု အာရပ်ဘာသာဖြင့် အသံလွှင့်သော အီရန်နိုင်ငံပိုင်ရုပ်သံ အယ်အာလာမ်က တနင်္ဂနွေနေ့က ကြေငြာသွားခဲ့သည်။
ဖားစ်သတင်းဌာနကလည်း ယခုအခါ ယင်းလေယာဉ်သည် အီရန်စစ်တပ်လက်တွင်း၌ ရရှိထားကြောင်း ဆိုသည်။ ဖားစ်သတင်းဌာနသည် အီရန်နိုင်ငံတွင် သြဇာရှိသော တော်လှန်ရေးတပ်နှင့် နီးစပ်သောဌာနတစ်ခုဖြစ်သည်။
အီရန် နည်းပညာစစ်ပွဲဆိုင်ရာဌာနမှ အဆင့်မြင့်နည်းပညာဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် လေယာဉ်ကို ထိန်းသိမ်းရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အယ်လ်ဂျာဇီယာသတင်းဌာနအနေနှင့် ယင်းသတင်းမှန်ကန်ကြောင်း အတည်မပြုနိုင်သကဲ့သို့ အမေရိကန်မှလည်း တိုက်ခိုက်ခံရကြောင်း ပြောဆိုမှုမရှိသေးပေ။
အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်တို့က အပြင်းအထန်ဝေဖန်ပြောဆိုလျက် ရှိသည်။ အီရန်က ယင်း၏နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းစွာအသုံးချရေးအတွက်သာရည်ရွယ်ပြီး လက်နက် ထုတ်လုပ်ရန် မဟုတ်ကြောင်းငြင်းဆိုထားသော်လည်း အမေရိကန်နှင့် အနောက်အုပ်စုက လက်မခံပေ။
Source: Al Jazeera




















11:15 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment