Sunday, January 15, 2012
အီတလီအပျော်စီးသင်္ဘော မတော်တဆမှု
အီတလီကမ်းခြေသို့ဝင်ရောက်တိုက်မိသော ကို့စ်တာကွန်ကော့ဒီယာအပျော်စီးသင်္ဘောကြီးမှ နောက်ထပ်အသက်ရှင် ကျန်ရစ်သူတစ်ဦးကို ကယ်ဆယ်ရေးသမားက ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါအသက်ရှင်ကျန်ရစ်သူကို ကယ်ဆယ်ရေးသမားက စကားပြောဆိုနိုင်ခဲ့ပြီး သင်္ဘောကြီးအတွင်းမှ ထုတ်ယူခြင်း မပြုရသေးကြောင်း မီးသတ်ဌာနပြောရေးဆိုခွင့်ရှိသူ လူကာကာရီက တနင်္ဂနွေနေ့က ပြောသည်။
စနေနေ့ညက ကယ်ဆယ်ရေးသမားများက အခြားနှစ်ဦးကို သင်္ဘောကြီး၏ အောက်ဘက်အထပ်မှ ကယ်တင်နိုင် ခဲ့သည်။ တောင်ကိုရီးယားလူမျိုးစုံတွဲဖြစ်ပြီး မင်္ဂလာဦးခရီးထွက်လာခြင်းဖြစ်သည်။
သောကြာနေ့က ဖြစ်ခဲ့သော ယင်းမတော်တဆမှုတွင် အနည်းဆုံးသုံးဦးသေဆုံးခဲ့ပြီး အယောက်လေးဆယ်ခန့် ပျောက်ဆုံးနေသေးကာ သင်္ဘောကပ္ပတိန်ကို ဖမ်းဆီးထားသည်။ သင်္ဘောသည် ကျောက်တန်းကို ဝင်ရောက်တိုက် ခိုက်မိပြီး တိမ်းမှောက်သွားခဲ့ကာ သင်္ဘောပေါ်ပါခရီးသည်ထောင်ဂဏန်းကို ကယ်တင်နိုင်ခဲ့သည်။
ရဲရေငုပ်သမားများနှင့် အခြားကယ်ဆယ်ရေးအဖွဲ့များက သင်္ဘောပတ်လည်တွင် အခြားအသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိသည်။
Source: Al Jazeera




















6:23 PM
HRDP NEWS WORLD


Posted in:
0 comments:
Post a Comment