Sunday, February 12, 2012
ACTA ဥပဒေကို ဂျာမဏီလက်မှတ်မထိုးတော့
အွန်လိုင်း ပိုင်ဆိုင်မှုဆိုင်ရာ မူပိုင်ခွင့် ရှိသင့်၊ မရှိသင့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ယနေ့မနက် ထူးခြားသော သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့သည်။ အွန်လိုင်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သော `မူပိုင်ခွင့်ချိုးဖေါက်မှုတိုက်ဖျက် ရေး´ ACTA (အက်တာ) ကို ဥရောပနိုင်ငံများနည်းတူ လိုက်နာလက်မှတ်ရေးထိုးမည်ဟု ပြောခဲ့ဖူးသော ဂျာမဏီက ဆုံးဖြတ်ချက် ပြောင်းလဲလိုက်ပြီး လက်မှတ်မထိုးတော့ဟု ဆိုလိုက်ကြောင်း http://www.panarmenian.net တွင် ရေးသားဖေါ် ပြထားသည်။
SOPA ဥပဒေကို အမေရိကန်တွင် အပြင်းအထန်ဆန္ဒပြခဲ့ကြသကဲ့သို့ ဂျာမဏီတွင်လည်း အက်တာဥပဒေကို လက်မှတ် မရေးထိုးရေးအတွင် အွန်လိုင်းတက်ကြွသူများက ဆန္ဒပြုလက်မှတ်စုဆောင်းမှုများ၊ အချို့ဝက်ဘ်ဆိုဒ်များကို ခေတ္တ အမှောင်ချဆန္ဒပြမှုများဖြင့် အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ အွန်လိုင်းပေါ်တွင် အက်တာကိုကန့်ကွက်သည့် လှုပ်ရှား မှုများနှင့်အတူ ဂျာမဏီ မြို့ကြီး ၆၀ တွင်လည်း ဆန္ဒပြလျက်ရှိသည်။
ဥရောပသမဂ္ဂ ၂၇ နိုင်ငံတွင် ၂၂ နိုင်ငံက အက်တာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ယခုအခါတွင် နိုင်ငံသားများ ၏ ကန့်ကွက်ဆန့်ကျင်မှုများကြောင့် ဆုံးဖြတ်ချက်များကို ပြန်လည်ပြင်ဆင်နေကြသည်။
`လူထုအသံကို သေသေချာချာသတိမထားမိခင်မှာ ကျွန်တော် အက်တာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လူထုဆန္ဒကို အသေအချာလေ့လာခြင်းမပြုမိပါဘူး။´ ဟု ဂျပန်နိုင်ငံဆိုင်ရာ ဆလိုဗေးနီးယားသံအမတ် ဟယ်လင်နာ ဒါနော့ဗ်ဆက်ဇော်ကို ကဆိုသည်။
`ကျွန်တော်လက်မှတ်ရေးထိုးခဲ့တဲ့ အက်တာ သဘောတူညီချက်ရဲ့ အကျိုးသက်ရောက်မှုတွေကို ကျွန်တော် သေသေချာချာမစဉ်းစားခဲ့မိပါဘူး။ ကျွန်တော်တို့ လူထုရဲ့ ခံယူချက်အရဆိုရင် လူ့သမိုင်းရဲ့ အကြီးမားဆုံး၊ အထင် ရှားဆုံး ကွန်ယက်ကြီးတစ်ခုကို အကန့်အသတ်တွေလုပ်ပြီး လွတ်လပ်မှုတွေကို ချုပ်ချယ်ပစ်လိုက်တဲ့အတွက် နောင်မျိုးဆက်တွေ အတွက် မကောင်းပါဘူး။´
Source: www.inforwars.com




















10:56 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment