Monday, February 13, 2012
ဘာရိန်းတွင် ဆန္ဒပြသူများကို ရဲနှိမ်နင်း
ဘာရိန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲများက မျက်ရည်ယိုဗုံးများ၊ အသံဗုံးများအသုံးပြုကာ အကြမ်းဖက်နှိမ် နင်းခဲ့သည်။ ဆန္ဒပြသူ ၂၀၀ ခန့် စနေနေ့က ဘာရိန်းသံတမန်ရပ်ကွက်အနီး Standard Chartered ဘဏ်အနီးတွင် စုရုံးကြပြီး မြို့လည်ပုလဲအ၀ိုင်းသို့ ချီတက်ခဲ့ကြရာ ရဲနှင့်ထိပ်တိုက်တွေ့ဆုံပြီး စုရုံးဆန္ဒပြခွင့်မရှိကြောင်း ဆိုသည်။
`ကျွန်တော်တို့ မြို့တော်မနားမားမှာ စုရုံးခဲ့ကြပါတယ်။ ရဲရောက်လာပြီးတော့ စုရုံးဆန္ဒပြတာဟာ တရားမ၀င် ကြောင်း ပြောပြီး လူစုခွဲခိုင်းပါတယ်။ ပြီးတော့ ဘာမှမပြောတော့ဘဲ ကျွန်တော်တို့ဆီကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပါ တော့တယ်။´ ဟု လှုပ်ရှားသူတစ်ဦးကပြောသည်။
ဒဏ်ရာအနာတရဖြစ်ကြောင်း သတင်းမရရှိပေ။ သို့သော် ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ချီတက်ဆန္ဒပြမှုကို ဘာရိန်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် နာဘီးယဲရာဂျက်ဘ်က ဦးဆောင် စည်းရုံးလှုပ်ရှားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ်ဘာရိန်းတွင် အာရပ်လှိုင်းနှင့် အတူဆန္ဒပြပွဲကြီးပေါ်ပေါက်ခဲ့သည်။ ယင်းကို အစိုးရက အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခဲ့ပြီး ဆော်ဒီအာရေးဗျ၊ ကာတာနှင့် အခြားပင်လယ်ကွေ့နိုင်ငံများမှ စစ်တပ် ကပါ အစိုးရကို အကူအညီပေးရန် ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ဆန္ဒပြစုရုံးရာ ပုလဲအ၀ိုင်းကြီးကို
အာဏာပိုင်များက ဖျက်ဆီးပစ်ခဲ့သည်။
ယခုအခါ ယင်းဆန္ဒပြပွဲနှိမ်နင်းခံခဲ့ရခြင်း နှစ်ပတ်လည်အဖြစ် ဆန္ဒပြစုရုံးခဲ့ကြခြင်းဖြစ်သည်။
Source: Al Jazeera




















10:59 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment