Monday, February 6, 2012
အီရန်အရေး စကားဆင်ခြင်ပြောဆိုကြရန် ၀န်ကြီးများကို နေတန်ယာဟု သတိပေး
အီရန်ကို အစ္စရေးလ်က တိုက်ခိုက်နိုင်သည်ဟူသော အပြောအဆိုများကို ရှောင်ရှားရန် အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟုက သူ၏အာဏာရ လီကွတ်ပါတီဝင် ၀န်ကြီးများကို သတိပေးစကားပြောကြားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကာကွယ်ရေးအီဟွတ်ဘာရက်နှင့် ဒုတိယ၀န်ကြီးချုပ် မောရှည်ယာအာလွန်တို့၏ အီရန်အပေါ် မှတ်ချက်များနှင့် ပတ်သက်ပြီး အပြောအဆိုဆင်ခြင်သင့်ကြောင်း ပြောကြားခဲ့သည်။
`ဒီလိုအပြောအဆိုတွေကြောင့် အီရန်အရေးမှာ အစ္စရေးလ်ကထိပ်ကိုရောက်သွားပြီး အရေးယူဒဏ်ခတ်ပိတ် ဆို့မှုတွေက အရေးမပါတဲ့အနေအထားမျိုးဖြစ်သွားမယ်။ ဆိုးကျိုးတွေများလာနိုင်တယ်။´ ဟု ပါတီဝန်ကြီးများ အစည်းအဝေးပွဲတွင် ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီးဘာရက်က အီရန်အပေါ်အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ မအောင်မြင်လျှင် နိုင်ငံတကာအသိုင်း အ၀ိုင်းအနေနှင့် အခြားနည်းလမ်းရှာ သင့်ကြောင်း၊ ဒုတိယ၀န်ကြီးချုပ် ယာအာလွန်ကလည်း အီရန်၏နျူကလီးယား ဓါတ်ပေါင်းဖိုများကို တိုက်ခိုက်လျှင်ရနိုင်ကြောင်း လုံခြုံရေးဆိုင်ရာ ဟာဇ်လီယာညီလာခံတွင် အသီးသီးပြောကြားခဲ့ ကြသည်။
တနင်္ဂနွေနေ့ အစည်းအဝေး၌ ၀န်ကြီးချုပ်က အရှေ့အလယ်ပိုင်းဒေသတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်များကို ကြည့်ပြီး အစ္စရေးလ်အနေနှင့် ဖျက်လိုဖျက်ဆီးလုပ်လိုသူများကြား ကြံ့ကြံ့ရပ်တည်နေနိုင်ရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
`ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး သတိမူသင့် ပါတယ်။ အီရန်ခေါင်းဆောင်က အစ္စရေးလ်ကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေတာ ကြားရတယ်။ ဆီးရီးယားမှာ အစိုးရက သူ့လူမျိုးကို သူ သတ်ဖြတ်နေတယ်။ ဒီလိုဒေသမျိုးမှာ ကျွန်တော်တို့ ရပ်တည်နေနိုင်အောင် အာမခံချက် ပေးနိုင်မှာက လုံခြုံရေး၊ ကြီးပွားတိုးတက်ရေး အစရှိတဲ့ အင်အားတွေပါပဲ။ ကျွန်တော်တို့ အစ္စရေးလ်စစ်တပ်ရဲ့ အင်အား၊ စီးပွားရေးအင်အားနဲ့ လူထုအင်အားကို တိုးပွားနေအောင်ဆက်လက်အားထုတ်နေကြရပါမယ်။´
Source: Ynetnews.com




















10:59 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment