Tuesday, February 21, 2012
ဆီးရီးယားတွင် တိုက်ပွဲဆက်
တိုက်ပွဲများပိတ်မိနေသော အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီများပေးအပ်နိုင်ရေး အတွက် တစ်ရက် နှစ်နာရီ အပစ်အခတ်ရပ်စဲပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မီတီ၏ တောင်းဆိုမှုကို ဥပေက္ခာပြုပြီး ဆီးရီးယားစစ်တပ်က ဟုမ်းစ်မြို့တွင် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ဟုမ်းစ်မြို့အနီးတွင် ဆီးရီးယားစစ်တပ်မှ တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့က အနည်းဆုံး ၁၂ ဦးခန့်သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သို့သော် နိုင်ငံခြားသတင်းထောက်များ ဆီးရီးယားသို့ ၀င်ရောက်သတင်းယူ ခွင့်မရသည့်အတွက် သတင်းခိုင်မာမှုရှိ၊ မရှိအတည်မပြုနိုင်ပေ။
ဟုမ်းစ်မြို့အပြင်ဘက်တွင်လည်း အစိုးရက စစ်တပ်အင်အားများတိုးချထားကြောင်း သိရသည်။ ဟုမ်းစ်မြို့ကို ၁၈ ရက်ကြာတိုက်ခိုက်လျက်ရှိသည်။
အင်္ဂါနေ့အစောပိုင်းက ဟုမ်းစ်မြို့တွင် ဗုံးမိုးရွာခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောသည်။ မြို့တော်ဒမတ်စကတ်တွင် ဆန္ဒပြသူများကို ဆီးရီးယားစစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း လှုပ်ရှားတက်ကြွသူများ၏ အဆိုအရသိရသည်။
Source: Al Jazeera
0 comments:
Post a Comment