Sunday, March 11, 2012
မော်စကိုတွင် ပူတင်ကို ဆန္ဒပြ
ရုရှနိုင်ငံမြို့တော်မော်စကိုတွင် ယခုနှစ် ရွေးကောက်ပွဲတွင် တဖန်ပြန်လည်အနိုင်ရရှိသွားသော သမ္မတဟောင်းပူတင် ကို ဆန္ဒပြပွဲတစ်ခုစုစည်းပြုလုပ်ခဲ့သည်။ ယင်းဆန္ဒပြပွဲသို့ လူပေါင်း သောင်းနှင့်ချီလာရောက်ခဲ့ကြပြီး လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေး လှုပ်ရှားမှုသင်္ကေတဖြစ်သော အဖြူရောင်ဖဲကြိုးများကိုရင်ဘတ်တွင် တပ်ဆင် ထားကြပြီး အလံများ၊ စာတမ်းများချိတ်ဆွဲဆန္ဒပြခဲ့ကြသည်။
စနေနေ့က ပြုလုပ်သော ဆန္ဒပြပွဲသို့ လူပေါင်း ၂၅,၀၀၀ ခန့်လာရောက်ခဲ့ကြကြောင်း စည်းရုံးလှုပ်ရှားသူများက ဆိုသည်။ ရဲများ၏ အဆိုအရမူ ဆန္ဒပြသူဦးရေမှာ ၁၀,၀၀၀ ခန့်သာရှိပြီး ဘေးမှလာရောက်ကြည့်ရှုသူများက ၂၀,၀၀၀ ခန့်ရှိကြောင်း ဆိုသည်။
Source: Al Jazeera




















10:53 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment