Sunday, March 18, 2012
ဒမတ်စကက်တွင် ကားဗုံးနှစ်လုံးပေါက်ကွဲ
ဆီးရီးယား ဒမတ်စကတ်မြို့တွင် ကားဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး ၂၇ ဦးသေဆုံးပြီး ၉၇ ဦး ဒဏ်ရာရရှိခဲ့ သည်။ စနေနေ့ နံနက်က နိုင်ငံပိုင်ရုပ်သံသတင်းက အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုံ့ချခဲ့သည်။ သေဆုံးသူ အများစုမှာ အရပ်သားများဖြစ်ကြောင်းဆိုသည်။ ဖေါက်ခွဲမှုဦးတည်သည့်နေရာများမှာ အကောက်ခွန်ရုံးနှင့် လေတပ်စုံစမ်းထောက်လှမ်းရေးဌာနအဆောက်အဦများဖြစ်သည်။
သတင်းဌာနက ဆီးရီးယားအရပ်သားများနှင့် အင်တာဗျူးအစီအစဉ်ကိုထုတ်လွှင့်ခဲ့ရာ ဖြေကြားသူများက အမေရိကန် ပြည်ထောင်စု၊ ဆော်ဒီအာရေးဗျနှင့် ကာတာတို့မှ အကြမ်းဖက်သမားများစေလွှတ်ဖေါက်ခွဲခိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လွန်ခဲ့သောနှစ်ရက်က ဆီးရီးယားတွင် တော်လှန်ရေးတစ်နှစ်ပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲများကျင်းပခဲ့ကြသည်။
ပဲရစ်မြို့အခြေစိုက် ဆီးရီးယားအတိုက်အခံ ဆီးရီးယားအမျိုးသားကောင်စီ အဖွဲ့ဝင်ဘေ့စ်မာကိုမန်နီက သမ္မတအာဆက်ကို လက်နက်ကိုင် ခုခံတိုက်ခိုက်နေသော အဖွဲ့များက အစိုးရလုံခြုံရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင် ကြောင်း ဆိုသည်။
`ဆီးရီးယားလွတ်မြောက်ရေး လက်နက်ကိုင်တပ်အနေနဲ့ ဒီလိုပစ်မှတ်မျိုးကို သွားရောက်တိုက်ခိုက်နိုင်တဲ့ အင်အားမျိုးမရှိဘူးလို့ ကျွန်မထင်ပါတယ်။´ ဟု သူမက ပြောသည်။
`အဲဒီနေရာတွေက လုံခြုံရေးအတင်းကြပ်ဆုံးနေရာတွေ ဖြစ်ပါတယ်။ အတွင်းကလူတွေမပါဘဲနဲ့ အဲဒီနေရာ တွေကို ၀င်ရောက်ဗုံးထောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။´
တတိယပေါက်ကွဲမှုတစ်ခုလည်း စစ်တပ်တစ်ခုအနီး ပါလက်စတိုင်း ဒုက္ခသည်စခန်းတွင် ပေါက်ကွဲခဲ့ပြီး အသေခံဗုံးခွဲ သူ နှစ်ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ဆာနားရုပ်သံက ကြေငြာခဲ့သည်။
Source: Al Jazeera




















12:02 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment