Saturday, March 17, 2012
ဆန္ဒပြ ဟောလီးဝုဒ်သရုပ်ဆောင်ပြန်လည်လွတ်မြောက်
ဝါရှင်တန်မြို့ ဆူဒန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သော ဟောလီးဝုဒ်သရုပ်ဆောင် ဂျော့ကလူနီအား သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။
ကလူနီ၊ သူ့ဖခင်နှင့် အခြားဆန္ဒပြသူများသည် ရဲများက ဆက်လက်ဆန္ဒမပြရန် တားမြစ်မှုကို မနာခံဘဲ ဆန္ဒပြခဲ့ သောကြောင့် သောကြာနေ့က လုံခြုံရေးရဲများက လက်ထိပ်ခတ်ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
တောင်ပိုင်းဆူဒန်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ဆူဒန်နယ်စပ်သို့ အကူအညီပေးရေးပစ္စည်းများသွားရောက် ထောက်ပံ့ရန် တောင်းဆိုမှုကို ဆူဒန်အစိုးရက ပိတ်ပင်တားမြစ်ထားသဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ သူ့ကိုရဲက ဖမ်းဆီးစေရန်လည်း တမင်ပြုမူခဲ့ကြောင်းလည်း သိရသည်။
`အခြေအနေတွေ ဆိုးရွားမသွားခင်မှာ အဲဒီနေရာကို အကူအညီသွားရောက်ပေးနိုင်ဖို့ ကျွန်တော်တို့ လိုအပ် နေပါတယ်။´ ဟု ကလူနီက သတင်းထောက်များကို ပြောပြခဲ့သည်။
`ဒုတိသတစ်ချက်အနေနဲ့ ကျွန်တော်တို့ တောင်းဆိုတာက ဆူဒန်အစိုးရဟာ သိမ်းကြုံးသတ်ဖြတ်မှုတွေရပ် ဆိုင်းဖို့၊ အပြစ်မဲ့ ယောင်္ကျား၊ မိန်းမကလေးတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့၊ အငတ်ဘေးဆိုက်အောင် လုပ်နေတာ၊ အဓမ္မမုဒိန်းကျင့်နေတာတွေ ရပ်ဆိုင်းဖို့ပဲ ဖြစ်ပါတယ်။´
Source: Al Jazeera




















12:07 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment