Sunday, April 1, 2012
လစ်ဗျားတွင် လက်နက်ကိုင်အုပ်စုနှစ်စု တိုက်ခိုက်
ပြိုင်ဘက် အုပ်စုများဖြစ်သော တိုဘိုလက်နက်ကိုင်များနှင့် အာရပ်တိုင်းရင်သား လက်နက်ကိုင် လူမျိုးစုများကြား ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် အနည်းဆုံး ၁၄၇ ဦးသေဆုံးခဲ့ကြောင်း လစ်ဗျား ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးတို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
စနေနေ့က လစ်ဗျားတောင်ပိုင်း ဆာဘားကန္တာရအိုအေစစ်အတွင်း အပစ်အခတ်ရပ်စဲရေးကျိုးပေါက်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင်လည်း ၁၆ ဦးသေဆုံးခဲ့သည်။
အာရပ်လူမျိုးစုတစ်ဦးကို တိုဘိုလက်နက်ကိုင်များက သတ်ဖြတ်လိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် တနင်္လာနေ့က စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ဒဏ်ရာရရှိသူ ၃၉၅ ဦးရှိကြောင်းလည်း ဝန်ကြီးချုပ် အဘ္ဘဒူရာ ဟင်အယ်ကီအစ်က စနေနေ့က ထရီပိုလီမြို့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ များမကြာမီ အပစ်အခတ် ရပ်စဲရေး ပြန်လည်ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
အယ်ဂျာဇီယာသတင်းထောက် အိုမာအယ်ဆာလဲ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပြီး သတင်းပေးပို့ခဲ့ရာတွင်
`ဆာဘားမှာ အရေးပေါ်စစ်တပ်တွေချထားပြီး လေယာဉ်ကွင်းကိုလည်းထိန်းချုပ်ထားကြောင်း၊ အခြား အရေးကြီးတဲ့ အစိုးရရုံးအဆောက်အဦတွေကိုလည်း ထိန်းချုပ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။` ဟု ဆိုသည်။
စနေနေ့နံနက်နှင့် နေ့လယ်ပိုင်း အချိန်အတွင်း ၈ ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဆာဘားဆေးရုံရှိ လူနာ များကို ကုသပေးနေသော ဆရာဝန်တစ်ဦးက ပြောသည်။
ယခင်ကဒါဖီကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော တိုဘူးခေါင်းဆောင် အစ္စာအဘ္ဘဒယ်မာဂျစ်မန်ဆာက `လူမျိုးစုလိုက် သုတ်သင်ရေး` တိုက်ပွဲများဖြစ်ပွားနေသဖြင့် နိုင်ငံတကာတပ်များဝင်ရောက်ထိန်းသိမ်းပေးရန် သောကြာနေ့က တောင်းဆိုလိုက်သည်။
Source: Al Jazeera




















10:55 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment