Sunday, April 1, 2012
ဒိန်းမတ်တွင် မွတ်စလင်ဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပွား
ဒိန်းမတ်နိုင်ငံ ဒုတိယမြို့တော်တွင် လူ ၂၀၀ နီးပါးခန့် မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည်။
စနေနေ့က ယင်းဆန္ဒပြပွဲကို လက်ယာစွန်းရောက်တက်ကြွလှုပ်ရှားသူများက ဦးဆောင်ခဲ့ပြီး ရဲကားနှစ်စီးဖြင့် လိုက်လံ ထိန်းသိမ်းပေးခဲ့သည်။
ဒိန်းမတ်ဒုတိယအကြီးဆုံးမြို့တော် အာဟက်စ်တွင် ဖြစ်ပြီး ကိုပင်ဟေဂင်မြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိ သည်။ အခြားဥရောပနိုင်ငံများဖြစ်သော ဗြိတိန်၊ ဂျာမဏီ၊ ပိုလန်နှင့် ဆွီဒင်တို့တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
`ဥရောပ (မွတ်စလင်) ဂျီဟက်ဆန့်ကျင်ရေး` ဟု အမည်ပေးထားသော လှုပ်ရှားမှုကို ပြင်သစ်တွင် အယ်ကေဒါ ဆန်ဆန် သေနတ် သမားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ခဏတာငြိမ်သက် စွာ ဝမ်းနည်းကြောင်း ပြသခြင်းဖြင့် စတင်ခဲ့လေသည်။
`လူ ၁၅၀၊ ၂၀၀ လောက်တော့ရှိပါတယ်။ ဒါပေမယ့် ဒီဆန္ဒပြမှုမှာ လူ ၁၀၀ လောက်မရှိရင်တောင် ကျွန်တော် လေးစားပါတယ်။` ဟု ဆန္ဒပြပွဲတွင် ထိန်းသိမ်းပေးနေသော ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာန သို့ပြောကြားခဲ့သည်။
ထို့နောက် အာရပ်ဘာသာစကားများဟစ်ကြွေးပြီး တန်ပြန်ဆန္ဒပြသူများက မွတ်စလင်ဆန့်ကျင်ဆန္ဒပြသူများ ကိုတိုက်ခိုက်ရန် ကြိုးစားလာသဖြင့် ရဲများကြားဝင်ဟန့်တားခဲ့ရသည်။ ရဲနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက ပုလင်းကွဲဖြင့် အထိုးခံရခြင်းဖြစ်ပြီး တစ်ဦးက မျက်လုံးတွင်ဒဏ်ရာရရှိခဲ့သည်။
ဆန္ဒပြပွဲကို ဒိန်းမတ်ကာကွယ်ရေးအဖွဲ့က စုစည်းခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက လူ ၁၀၀၀ ခန့်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။
တန်ပြန်ဆန္ဒပြသူအင်အား ၄၀၀၀ မှ ၅၀၀၀ အထိရှိပြီး `လူမျိုးပေါင်းစုံနေထိုင်နိုင်သော အာဟက်စ်မြို့` ဟူသော စာတန်းများကိုင်ဆောင်ထားကြသည်။
မြို့တော်တာဝန်ရှိသူများက ထုတ်ပြန်သော ကြေငြာချက်တွင် အာဟက်စ်မြို့တွင် အစွန်းရောက်အုပ်စုများအလိုမရှိ သောကြောင့် ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဆိုသည်။
Source: Al Jazeera




















11:14 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment