Sunday, April 1, 2012
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးပေါက်ကွဲ
ထိုင်းနိုင်ငံတောင်ပိုင်း အဓိကမြို့တော်ဖြစ်သော ယေလတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၉ ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့သည်။ စနေနေ့ပေါက်ကွဲမှုနှင့် ကားဗုံးနှင့် ဆိုင်ကယ်တွင်တပ်ဆင်ထားသော ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
`ပထမဆုံးဗုံးတစ်လုံးက ကားဗုံးပေါက်ကွဲတာဖြစ်ပြီးတော့ နောက်နှစ်လုံးက မော်တော်ဆိုင်ကယ်မှာ ဝှက်ပြီး တပ်ထားတဲ့ ဗုံးတွေ ပေါက်ကွဲတာဖြစ်ပါတယ်။` ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ် ပရာမွတ် ပရိုမင်ကဆိုသည်။
မီတာ ၁၀၀ ပတ်လည်အတွင်းမှာပင် ၁၀ မိနစ်အတွင်း၌ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး ဒီသရက်သီသရီက ပြောသည်။ ပေါက်ကွဲမှုအနီးအနားရှိ အိမ်ဆိုင်များမီးလောင်ခဲ့ပြီး အနီးတွင်
ကပ်လျက်ရပ်ထားသော ကားများပျက်စီးသွားခဲ့သည်။ ဒဏ်ရာရသူ ၅၀ ခန့်ကို ဆေးရုံသို့သယ်ဆောင်သွားပြီးဖြစ် ကြောင်း သိရသည်။
မလေးရှားနယ်စပ်နှင့် ကပ်လျက်ရှိသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်ကတည်းက နိုင်ငံရေးမတည်မငြိမ် ဖြစ်လျက်ရှိပြီး နေ့စဉ်နီးပါး ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကာ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များ ထောင်နှင့် ချီသေဆုံးခဲ့ပြီးဖြစ်သည်။
၂၀၁၁ ခုမှစ၍ လက်နက်ကိုင်သောင်းကျန်းမှုများကို နှိမ်နင်းရန် စစ်သား ၆၀၀၀၀ ခန့် အစိုးရမှ ချထားခဲ့သည်။ ဗုဒ္ဓဘာသာအများစုဖြစ်သော နိုင်ငံတွင် မလေးအစ္စလာမ်လူနည်းစုများအား ခွဲခြားဆက်ဆံခံနေရသဖြင့် ကာလကြာ မြင့်စွာကပင် လက်နက်ကိုင်တိုက်ခိုက်လာခဲ့ကြောင်း အစ္စလာမ်သူပုန်များက ဆိုသည်။
မွတ်စလင်အများစုနေထိုင်သော နေရာများတွင် အစိုးရက အရေးပေါ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းထားပြီး စစ်တပ်၏ အပြုအမူများအတွက် ထိုင်းအစိုးရက မျက်ကွယ်ပြုထားကြောင်း အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က တက်ဘိုင်မြို့ဆန္ဒပြပွဲကို နှိမ်နင်းရာတွင် အသေအပျောက်အများဆုံးဖြစ် ခဲ့ပြီး အချုပ်ခန်းသို့ကားဖြင့် ခေါ်ဆောင်သွားရာလမ်းတွင် ၇၈ ယောက်ကားပေါ်တွင် အသက်ရှူကြပ်၍ သေဆုံးခဲ့ သည်။
Source: Al Jazeera




















11:58 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment