Saturday, May 19, 2012
ပထမဦးဆုံး ပုဂ္ဂလိက ဒုံးပျံလွှတ်တင်ခြင်း မအောင်မြင်
ဖလော်ရီဒါ၊ ကိပ်ကာနာဗာရယ်အာကာသမြေပြင်စခန်းမှ လွှတ်တင်ရန်ပြင်ဆင်ထားသော ပုဂ္ဂလိကပိုင် ဒုံးပျံတစ်စင်း အင်ဂျင်ပြဿနာတစ်စုံတစ်ရာကြောင့် နောက်ဆုံးစက္ကန့်ပိုင်းတွင်အရောက်တွင် လွှတ်တင်ခြင်းအစီအစဉ်ကိုဖျက်သိမ်းခဲ့ရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
SpaceX's Falcon 9 ဟု အမည်ပေးထားသော အဆိုပါဒုံးပျံကို စနေနေ့က လွှတ်တင်ရန် စီစဉ်ထား ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးပျံတွင် Dragon ဟုအမည်ပေးထားသော လွန်းပျံယာဉ်ပူးတွဲကာ နိုင်ငံတကာ အာကာသစခန်းသို့သွားရောက်မည်ဖြစ်သည်။ နာဆာမှ အာကာသလွန်းပျံယာဉ်များလွှတ်တင်ခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း ပုဂ္ဂလိကမှ ပထမဆုံးအကြိမ်အဖြစ်လွှတ်တင်သည့် အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။ သို့သော် ဒုံးပျံလွှတ်တင်ရန် အမှတ်စဉ်နောက်ဆုတ်ရေတွက်ရာတွင် သုညရောက်သည်အထိ ဒုံးပျံမှာ စင်မှထွက်ခွါနိုင်ခြင်းမရှိခဲ့ပေ။
`လက်ဦးပိုင်း အစီအစဉ်တော့ စတင်နိုင်ခဲ့ပြီး ပျက်ယွင်းသွားခဲ့ရပါတယ်။` နာဆာအစီအစဉ်ကြေငြာ သူ ဂျော့ဒီလာက ပြောကြားခဲ့သည်။ ဒုံးပျံ၏ အင်ဂျင်ကိုးလုံးတွင် တစ်လုံးတွင် ပြဿနာရှိကြောင်း ကွန်ပျူတာဖြင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ဒုံးပျံနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်ဂျင်နီယာများက ပြဿနာကို ရှာဖွေစစ်ဆေးမည် ဖြစ်ပြီး စနေနေ့တွင် လွှတ်တင်ရန်အစီအစဉ်မရှိတော့ကြောင်းဆိုသည်။
အင်ဂျင်အမှတ် ၅ ရှိ ဖိအားသိုလှောင်ခန်းတစ်ခုအတွင်း ဖိအားအလွန်များနေသော ပြဿနာဖြစ်ကြောင်း အင်ဂျင်ထိန်းချုပ်ရေးမှ မှတ်ချက်ပေးခဲ့ကြောင်း ဒုံးပျံလွှတ်တင်ရေးအစီအစဉ်ဥက္ကဌဖြစ်သူ ဂွိုင်းနီရှော့ဝဲလ်က
သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
`ကွန်ပျူတာက ပြဿနာကိုရှာဖွေတွေ့ရှိခဲ့ပြီး အင်ဂျင်လည်ပတ်မှုကိုရပ်ဆိုင်းလိုက်ပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း အင်ဂျင်ကို ပိတ်ချပစ်လိုက်ရပါတယ်။` ဟု ဆို၏။
အယ်ဂျာဇီယာသတင်းထောက် အန်ဒီဂယ်လာချာ ကိပ်ကာနာဗာရယ်သို့ကိုယ်တိုင်သတင်းသွားရောက်ရယူ ခဲ့ပြီး ပြန်လည်သတင်းပေးပို့ခဲ့ရာတွင် အင်္ဂါနေ့ခန့်တွင် ဒုတိယအကြိမ်အဖြစ်ပြန်လည်လွှတ်တင်နိုင်ဖွယ်ရှိ ကြောင်း ဆိုသည်။
`အင်္ဂါနေ့မှာတော့ လွှတ်တင်ရေးအစီအစဉ်ပြန်လည်စတင်ပါလိမ့်မယ်။` ဟု သတင်းထောက်က သတင်းပေးပို့ခဲ့ပြီး ယင်းနေ့ ၃ နာရီ ၄၄ မိနစ်ခန့်တွင် လွှတ်တင်မည်ဖြစ်ကြောင်း နာဆာက ဆိုသည်။
SpaceX သည် အာကာသသို့ ဒုံးပျံလွှတ်တင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသော ပုဂ္ဂလိက ကုမ္ပဏီများ ထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ နောက်ပိုင်းတွင် ယင်းကုမ္ပဏီများက အာကာသကမ္ဘာပတ်လမ်းကြောင်း တွင်း လိုအပ်သောပစ္စည်းများသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြမည်ဖြစ်ပြီး ၂၀၁၅ ခန့်တွင် လူလိုက်ပါနိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။
SpaceX သည် ၂၀၁၀ ဒီဇင်ဘာလအတွင်းက Dragon နှင့် အတူ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း စီးပွားဖြစ်ပို့ဆောင်သော ပထမဦးဆုံးပုဂ္ဂလိက ဒုံးပျံအဖြစ်သမိုင်းဝင်ခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သောနှစ်က နာဆာက အာကာသလွန်းပျံယာဉ်များ အာကာသတွင်းပို့ဆောင်ခြင်းလုပ်ငန်းကိုရပ်ဆိုင်း လိုက်ပြီးနောက်ပိုင်း နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးများပို့ဆောင်ရေးလုပ်ငန်းကို ရုရှက သာ လုပ်ကိုင်လျက်ရှိပြီး ယခုအခါ ပုဂ္ဂလိက ဒုံးပျံများဖြင့်လည်းပို့ဆောင်ကြတော့မည်ဖြစ်သည်။
Source: Al Jazeera




















11:17 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment