Sunday, May 20, 2012
အီတလီတွင် ၅.၉ မဂ္ဂနီကျုငလျင်လှုပ်
အီတလီနိုင်ငံ မြောက်ပိုင်း ဘိုလော့ညာမြို့အနီး ၅.၉ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံးလေးဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း အီတလီသတင်းဌာန ANSA မှကြေငြာခဲ့သည်။
စက်ရုံတွင်း ညဘက်အလုပ်လုပ်နေနေသူတစ်ဦး အဆောက်အဦပိ၍သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာလည်း အဆောက်အဦပျက်များအောက်တွင် သေဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောကြား ခဲ့သည်။
ပလတ်စတစ်စက်ရုံလုပ်သားတစ်ဦးနှင့် ဘိလပ်မြေစက်ရုံလုပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာမူ နှလုံးရောဂါဖြင့်သေဆုံးခဲ့ရကြောင်း သိရသည်။ အဆောက်အဦပျက်များအောက်တွင် ပိမိနေသောလူများရှိ နေသေးကြောင်း သတင်းပေးပို့ချက်များအပေါ်တွင် ကယ်ဆယ်လုပ်သားများမှ လိုက်လံစစ်ဆေးလျက်ရှိ သည်။
ဘွန်ဒီနိုမြို့အနီးတွင် အဆောက်အဦများပျက်စီးခဲ့ကြောင်း မီးသတ်သမားများက ပြောပြီး နောက်ဆက်တွဲ ငလျင်များမှာ ၅.၁ အထိပြင်းအားရှိကြောင်း သိရသည်။
`ဘိုလော့ညာ-ဖာရာရာ ဒေသတွင်းမှာဖြစ်ပါတယ်။ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အချို့ အဆောက်အဦတွေဆိုရင် လူတွေနဲ့အတူ ပြိုကျခဲ့ပါတယ်။` ဟု ဖာရာရာမီးသတ်ဌာနချုပ်မှ ရိုက်တာသတင်း ဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
ဘိုလော့ညာနှင့် ဗီရွန်နာမြို့ကြားရှိ ဆာမီဒီမြို့တွင် အဆောက်အဦတစ်လုံးခေါင်မိုးပြိုကျပြီး အော်ဟစ်အကူ အညီတောင်းသံများကြားရကြောင်း သတင်းပေးထားလေသည်။
သမိုင်းဝင်အဆောက်အဦများနှင့် ယဉ်ကျေးမှုအဆောက်အဦများ အကြီးအကျယ်ထိခိုက်ပျက်စီးနေပုံများကို မနက်ပိုင်းတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားခဲ့သည်။ ဘိုလော့ညာမြို့တွင် နံနက်အရုဏ်တက် အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အိမ်တွင်းပရိဘောဂပစ္စည်းများ၊ ကားအချက်ပေးသံများဖြင့်ဆူညံသွား ကြောင်းသိရသည်။ သို့သော် ဘိုလော့ညာမြို့တွင်း၌မူပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Source: Al Jazeera
0 comments:
Post a Comment