
တရုတ်အာဏာပိုင်းများက အဓမ္မဖိအားပေးဖျက်ချခိုင်းသဖြင့် ကိုယ်ဝန် ၇ လသားအရွယ်တွင် ဖျက်ချလိုက်ရသော ကလေးငယ်အလောင်းဓါတ်ပုံများကို အင်တာနက်ပေါ်တွင် ဖြန့်ချိခဲ့သည့် ကိစ္စအား စုံစမ်းစစ်ဆေးသွား မည်ဟု တရုတ်အစိုးရက ပြောကြားလိုက်သည်။
တရုတ်အစိုးရမှ ချမှတ်ထားသော မိသားတစ်စု-ကလေးတစ်ယောက်မူဝါဒအား ချိုးဖေါက်ပြီး နောက်တစ် ယောက် ကိုယ်ဝန်ထပ်ရှိခဲ့သဖြင့် ရှန်းဇီပြည်နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖန်းဂျီအန်မေကို အာဏာပိုင်များက ဒဏ်ငွေတောင်းခံခဲ့ရာ မပေးဆောင်သဖြင့် အဓမ္မဖျက်ချခိုင်းခဲ့ကြောင်း မကျေမနပ်ဖြစ် နေကြသော လှုပ်ရှားတက်ကြွသူများက ဆိုသည်။
ယင်းကိစ္စမှာ တရုတ်နိုင်ငံဇန်းပင်းစီရင်စု အတွင်းဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာစီရင်စု အာဏပိုင်များက အထူး စုံစမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားမိသားစုစီမံကိန်းဌာန တာဝန်ရှိသူများကလည်း ယင်းကိစ္စတွင်ပါဝင်ဆောင်ရွက်ခဲ့သူများကို အရေးယူသွားမည်ဟု ပြောကြားခဲ့ သည်။
အမျိုးသားလူဦးရေနှင့် မိသားစုစီမံကိန်းကော်မစ်ရှင်ဌာနမှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးကလည်း ယင်းကိစ္စကို အလေးထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ထိပ်တန်းအဆင့်ဖေါ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ အွန်လိုင်းအသုံးပြုသူများကလည်း ဆေးရုံကုတင်ပေါ်တွင် သွေးသံရဲရဲဖြင့် သေဆုံးနေသော ကလေးငယ်အလောင်း၏ ဘေးတွင် ဖန်းလဲလျောင်းနေသောဓါတ်ပုံကို ကြည့်ရှုပြီး ဒေါသထွက်နေကြပြီး ဂျပန်ခေတ်က ဖက်ဆစ်နာဇီမကောင်းဆိုးဝါးဂျပန်များ၏ ဆိုးသွမ်းရက်စက်ပုံနှင့် နှိုင်းယှဉ်ပြောဆိုနေကြ သည်။
ဖန်းနှင့် သူ၏ ခင်ပွန်းတို့က ကလေးဖျက်ချပေးရမည့် ကိစ္စကိုကန့်ကွက်ခဲ့ကြသေးကြောင်း ဆွေမျိုးတော်စပ် သူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောပြခဲ့သည်။
Source: Al Jazeera
Posted in: အာရှပစိဖိတ်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment