
အစ္စရေးလ်တွင် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသော အများအားဖြင့် အာဖရိကတိုက်သား ၂၄၀ ယောက်ကို ဖမ်းဆီးထားကြောင်း၊ အခြား အယောက် ၃၀၀ ခန့်မှာ မိမိတို့ဆန္ဒဖြင့် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရန် သဘောတူညီထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
`ဒီနေ့ပဲ ကျွန်တော်တို့တာဝန်ရှိသူတွေက တရားမဝင် နေထိုင်သူ ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ် ၃၀၀ ကတော့ ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ ပြောပြီးပါပြီ။` ဟု ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်က အင်္ဂါနေ့က ပြောသည်။
တနင်္ဂနွေနေ့ကတည်းက စတင်ဖမ်းဆီးခဲ့ရာတွင် စုစုပေါင်း အယောက် ၂၄၀ ရှိပြီး အများစုမှာ တောင်ဆူဒန်မှ ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်သည်။
မိမိသဘောဖြင့် မိမိပြန်လိုသူများအတွက် အစ္စရေးလ်အစိုးရက လေယာဉ်လက်မှတ် စီစဉ်ပေးမည့်အပြင် တစ်ဦးလျှင် ဒေါ်လာ ၁၂၅၀ စီ ပေးလိုက်မည်ဖြစ်သည်။ သို့သော် ယင်းအစီအစဉ်မှာကို အချိန်တစ်ပတ် သာ သတ်မှတ်ထားသည်။
အစ္စရေးလ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အာဖရိကလူမျိုး ၆၀ ၀၀၀ ခန့်ရှိပြီး၊ အများစုမှာ တဲလ်အဗစ် ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြကြောင်း အစိုးရစစ်တမ်းများက ဖေါ်ပြသည်။
ထို့ပြင် နောက်ထပ် စာရင်းအတွင်းမပါဝင်ဘဲ တာဝန်ရှိသူများ လက်လှမ်းမမှီသေးသည့် အယောက် ၆ ၀၀၀ ခန့်ရှိနေနိုင်သေးကြောင်း အစ္စရေးလ်ပြည်ထဲရေးဝန်ကြီး အီလီယီရှိုင်က ပြောသည်။
လေးပုံတစ်ပုံခန့်မှာ အီလက်မြို့တွင်နေထိုင်လျှက်ရှိပြီး ယင်းမြို့တွင် ရဲများက တရားမဝင်ဝင်ရောက်လာသူ များကို တားဆီးစစ်ဆေးလျှက်ရှိသည်။
`ကျွန်တော်တို့ကို အလိုမရှိတဲ့တိုင်းပြည်နဲ့ လူဝင်မှုကြီးကြပ်ရေးက ရဲတွေကို ကျွန်တော်တို့ အပြစ်မတင်ပါဘူး။` ဟု တရားမဝင်ရွှေ့ပြောင်းတစ်ဦးဖြစ်သူ တောင်ဆူဒန်မှ အန်ထော်နီ ခရစ္စတီယာနိုက ပြောသည်။
မလှမ်းမကမ်းတွင်မူ အီလက်မြို့သားတစ်ဦးဖြစ်သူ ယူဆက်ခူရီဆိုသူက အီလက်မြို့တွင် အာဖရိကန် ရွှေ့ပြောင်းများနေထိုင်ခြင်းကို အလိုမရှိကြောင်း မြို့သူ၊ မြို့သားများထံမှ လက်မှတ်များကောက်ယူစု ဆောင်းနေပြီး `အီလတ်မြို့ကို အသိမ်းပိုက်မခံရရေး` ဟူသော ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလေသည်။ သူက `သူတို့တွေက ကျွန်တော်တို့နိုင်ငံကို လာပြီးဖျက်စီးနေတဲ့သူတွေပဲ။ ခြံစည်းရိုးခုန်ကျော်ဝင်လာတဲ့လူတွေ၊ သေနတ်နဲ့တောင် လိုက်ပစ်သင့်တယ်။` ဟု ဆိုသည်။
Source: Al Jazeera
Posted in: အရှေ့အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment