
ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးလ်တို့က ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ ခေါင်းဆောင်များက အစ္စရေးလ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသစ်တစ်ခု ထပ်မံပြုလုပ်လိုက်ပြီးဖြစ် ကြောင်း ဆိုသည်။
`ကျွန်တော်တို့ရဲ့ အီဂျစ်ညီအစ်ကိုတွေက အစ္စရေးလ်နဲ့ လုံးဝအပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။` ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်မန်တာဟာက ပြောသည်။
ဟားမားအဖွဲ့နှင့် နီးစပ်သော တာဝန်ရှိသူတစ်ဦး၏ အဆိုအရ အပစ်ရပ်သဘောတူညီချက်သည် စနေနေ့ ညသန်းခေါင်အချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။
တနင်္လာနေ့မှ စတင်ခဲ့သော တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ရပြီး စနေနေ့ နောက်ဆုံးတိုက် ခိုက်မှုအတွင်း သုံးဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက အစောပိုင်းကပြောဆိုခဲ့သည်။
သေဆုံးသူများအတွင်း ကလေးငယ်တစ်ဦးပါဝင်ပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
Source: Al Jazeera
Posted in: အရှေ့ အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment