အမေရိကန်စစ်တပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်များကိုအသုံးပြုပြီး တိုက်ခိုက်ခြင်းကြောင့် နိုင်ငံတကာတွင် အငြင်းပွားဆန့်ကျင်မှုများတိုးပွားနေသော်လည်း ဂျာမဏီကုမ္ပဏီတစ်ခုက ယင်းနည်းပညာကို လူ့အသက်ကယ်ဆယ် ရေးတွင် အသုံးပြုရန် စတင်ပြသလိုက်ပြီဖြစ်သည်။
ဂျာမဏီမီးသတ်သမားများအတွက် မီးလောင်မှုဖြစ်ပွားရာနေရာများတွင် ဒရုန်းလေယာဉ်ကို အပေါ်စီးမှ မောင်းနှင်စေ လွှတ်ပြီး လူမမြင်နိုင်သည့် နေရာများကို ရှာဖွေကြည့်ရှုကာ ပိတ်မိနေသူများအားကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း များတွင် အသုံးပြုလျှက်ရှိသည်။ အဆိုပါဒရုန်း၏ ဈေးနှုန်းမှာ လက်ရှိတွင် ဒေါ်လာ ၁၅ ၀၀၀ မျှသာရှိသော်လည်း မီးသတ်ဌာနတိုင်းကို ယင်းလေယာဉ်များရောင်းချသွားဦးမည် မဟုတ်သေး ကြောင်း၊ နိုင်ငံတော်အဆင့် အခြေအနေ၊ ကြီးမားသော မီးလောင်မှုများတွင်သာ အသုံးပြုရန်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဒရုန်းစံနစ်ကို ပြင်သစ်၊ အင်ဒိုနီးရှားနှင့် သြစတြေးလျတို့ကလည်း မီးသတ်ဌာနများတွင် အသုံးပြုရန် စိတ်ဝင်စားလျှက်ရှိသည်။
Source: Al Jazeera
Posted in: ဥရောပ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment