
ရုရှသမ္မတ ဗလာဒီမာပူတင်အားဝေဖန်လျှက်ရှိပြီး ဆန္ဒပြပွဲတစ်ခုဖန်တီးရန် စည်းရုံးလှုံ့ဆော်ခဲ့သူ အတိုက်အခံ လှုပ်ရှားတက်ကြွသူများ၏ နေအိမ်များက ရုရှရဲများက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။
တနင်္လာနေ့ အစောပိုင်း လူဖမ်းပွဲသည် ပူတင်၏ နောက်ထပ်သမ္မတခြောက်နှစ်သက်တမ်းစတင်တာဝန်ယူ ခါစအချိန်တွင် အတိုက်အခံများအပေါ် ဆက်ဆံရေးပြောင်းလဲလိုက်သည့် အချက်ကို ပြသလိုက်ခြင်းဖြစ် သည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက သတိပေးနေသည့်ကြားမှ လမ်းမများပေါ်တွင် ထွက်ရောက်ဆန္ဒပြ ပွဲများကို တင်းကြပ်ပြီး ပြစ်ဒဏ်များတိုးမြှင့်ချမှတ်နိုင်သည့် ဥပဒေတစ်ရပ်ကို သောကြာနေ့က သမ္မတပူတင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းဥပဒေမှာ အတိုက်အခံများကို အသံမထွက်နိုင်အောင် ချည်နှောင်လိုက်သည့် ဥပဒေဖြစ်ကြောင်း ဆိုသည်။
ဥပဒေအရ ဆန္ဒပြပွဲများတွင် ပါဝင်သူများအား ငွေဒဏ် ရူဘယ် ၃၀၀ ၀၀၀ (ဒေါ်လာ ၉ ၂၀၀)၊ ဦးစီးခေါင်း ဆောင် လှုပ်ရှားသူများကို ရူဘယ် တစ်သန်း (၃၀ ၀၀၀) ဒဏ်ငွေများချမှတ်မည်ဖြစ်သည်။ ယင်းငွေပမာဏသည် ရုရှပြည်သူတစ်ယောက် တစ်နှစ်ဝင်ငွေခန့်နှင့် ညီမျှသည်။
အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ဘလော့ဂါ အဲလက်ဇီနာဗယ်လင်း၏ နေအိမ်တံခါး ပေါက်ကို ရဲများက ရိုက်ချိုးဖျက်စီးကာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သတင်းသမားနှင့် ပူတင်ဝေဖန်ရေးသမား ကဆန်ယာဆော့ဘ်ချက် ကိုလည်း ထိုနည်းအတိုင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။
Source: Al Jazeera
Posted in: ဥရောပ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment