Wednesday, August 8, 2012
အကြမ်းဖက်သမားများကို အီဂျစ်လေကြောင်းမှ တိုက်ခိုက်
အီဂျစ်ရဲစခန်းကို တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများ ရှိသည့်အစ္စရေးလ်နှင့် နယ်စပ် ဆိုင်းနိုင်းဒေသကို အီဂျစ်စစ်တပ်မှ လေကြောင်း ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် အာရမ်သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
လွန်ခဲ့သောတနင်္ဂနွေနေ့က ရှိတ်ခ်ဇူးအိဒ်မြို့ ရဲစခန်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နယ်စပ် စောင့်တပ်သား ၁၆ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်း စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားများမှာမူ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း မသိရှိရသေးပေ။
ဂါဇာကမ်းမြှောင်ဒေသမှ ၁၀ ကီလိုမီတာခန့်အကွာတွင်ရှိသော ရှိတ်ဇူးအိဒ်မြို့မှ မျက်မြင်သက်သေများက တိုက်လေယာဉ်နှစ်စင်းကို မြင်တွေ့လိုက်ရပြီး ပေါက်ကွဲသံများကြားရကြောင်း၊ ကားသုံးစီးကို ထိမှန်ခဲ့ကြောင်း ပြောသည်။
`ကျွန်တော်တို့ အယ်လ်တူမာရွာထဲကို တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်သမား အယောက် ၂၀ ကိုသတ်ဖြတ်ပစ်နိုင်ခဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ ကားသုံးစီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။` ဟု ရိုက်တာသတင်းဌာနသို့ တပ်မှူးတစ်ဦးက ပြောပြခဲ့သည်။
လေကြောင်းမှ ထိုးစစ်ဆင်ပြီးနောက်ဆိုင်းနိုင်းဒေသရှိ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်နှင့် လက်နက်ကိုင်အကြမ်းဖက်အုပ်စုများကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။
အစ္စရေးလ်နှင့်နယ်စပ် ရာဖာမြို့အနီးစစ်ဆေးရေးဂိတ်များကို သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ရိုက်တာနှင့် အီဂျစ်သတင်းဌာနများက ဆိုသည်။
Source: Al Jazeera




















12:37 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment