
ရောဂါ ကပ်ဆိုက်မှုကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနိုင်သော်လည်း ဂျာမနီ ကျန်းမာရေး ၀န်ကြီးက ဂျာမနီတွင် အီးကိုလီ ဗိုင်းယက်(စ်) ကူးစက်မှု လျော့ကျသွားကြောင်း ပြောကြားလိုက်သည်။
"ကျွန်တော် သတိပေးချက်တွေကို အပြီးသတ် မဖျက်သိမ်းနိုင်သေးပါဘူး...ဒါပေမယ့်...များစွာသော ကူးစက်ပျံ့မှုတွေ လျော့ကျသွားတဲ့ အကြောင်းပြချက်တစ်ခုဟာ မျှော်လင့်ချက်တစ်ခုပါပဲ..." ဟု ဂျာမန်ကျန်းမာရေး ၀န်ကြီးက ARD ရုပ်မြင်သံကြား ဌာနတွင် ပြောကြားသွားခဲ့သည်။
"အခြေအနေ အသစ်တစ်ရပ် ဖြစ်လာဖို့အလားအလာ ရှိလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ သေဆုံးမှုတွေကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် ရောဂါကူးစက်မှုတွေအများကြီး လျော့ကျသွားပြီး အနည်းဆုံးတော့ ဖျားနာမှုပဲ ရှိတော့မှာပါ..." ဟု ဂျာမနီအရေးပေါ် ဌာနမှ ဗုဒ္ဓဟူးနေ့ နောက်ပိုင်းတွင် ပြောကြားသွားခဲ့သည်။
ဒေလီက ဂျာမနီနိုင်ငံနှင့် နိုင်ငံခြားမှ ဆေးဝါးကျွမ်းကျင်သူများကို သီးသန့် သုတေသနတစ်ခု ပြုလုပ်ရန် အကူအညီတောင်းခံခဲ့သည်။
"ကျွန်တော်တို့ကတော့ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဥရောပသာမက အခြားသော နိုင်ငံများက တတ်ကျွမ်းသူတွေကိုလည်း ခေါ်ယူရမှာပဲ" ဟု ဒေလီက ဒိုင်းဝပ်(တ်)သတင်းစာနှင့် အင်တာဗျူး၌ ပြောကြားသွားခဲ့သည်။
"ကျွန်တော်တို့ ဒီခြေအနေဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးသိပါတယ်။။ ဒီကပ်ရောဂါကြီးကို အပြီးအဆုံးသတ်ဖို့နဲ့ အများနဲ့ဆိုင်တဲ့ အသိအမြင်တွေကို ပေးဖို့ မြန်နိုင်သလောက် မြန်အောင် ဒီရောဂါကြီးကိုအဆုံးသတ်ဖို့ ကျွန်တော်တို့အားလုံး သီးသန့် သုတေသနတစ်ခု အမြန်ဆုံး လုပ်သင့်ပါတယ်..." ဟုလည်း ပြောကြားသွားခဲ့သည်။
Source: Aljazeera
0 comments:
Post a Comment