ပါကစ္စတန် စစ်တပ်အရာရှိက အယ်လ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်အား အပြတ်ရှင်းလိုက်ခြင်းသည် ၄င်း၏ ရာထူးဆက်လက်တည်တံ့ရန် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
၎င်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အာရှ်ဖက် ဖာဗက် ခရမ်နီ၏ အမေရိကန်နှင့် နီးစပ်သော ဆက်ဆံရေးအတွက် လုပ်ဖော်ကိုင်ဖက်များ၏ ဝေဖန်စာများနှင့် ရင်ဆိုင်နေရလျက် ရှိသည်။
ခရမ်န်ီသည် မကုန်နိုင်သော မေးခွန်းပေါင်းများစွာနှင့် ရင်ဆိုင်နေရသော အခြေအနေသို့ရောက်သည်အထိ ကြုံတွေ့နေရကြောင်း နယူးယောက်တိုင်းမ်(စ်) သတင်းစာ၏ ကြာသာပတေးနေ့ ကိုးကားချက်တွင် တွေ့ရှိခဲ့သည်။
၎င်းသတင်း၏ ပြောကြားချက်အရ “အမေရိကန် အထူးတပ်များနှင့်အတူ ဘင်လာဒင်အား အစ္စလာမ် ဘုရားကျောင်းအနီးရှိ ၄င်း၏ခြံဝင်းအတွင်း အပြတ်ရှင်းလိုက်သော လုပ်ရပ်အား ထောက်ခံရန် မေလ (၂) ရက်နေ့မှစ၍ ၆ ပတ်တာကာလအတွင်း
ခရမ်နီသည် ၁ ဒါဇင်ကျော်မျှ ရှိသော မြို့ စောင့်တပ်များနှင့် လူထူတပ်သော၊ ဟောခန်းကြီးများ၊ တက္ကသိုလ်များသို့ လှည့်လည် စည်းရုံးခဲ့သည်” ဟုသိရသည်။
“ကျွန်တော်အခု ဖိအားတွေအောက်မှာ ရုံးကန်နေရပါတယ်။ ကျွန်တော့်နေရာကို အစားထိုးဖို့ (သို့မဟုတ်) နောက်ဖြစ်လာမယ့် အတွင်းပိုင်း အခြားအာဏာသိမ်းမှုကိစ္စတွေ အတွက်တော့ ပြောပြဖို့ကတော့ စောပါသေးတယ်။” ဟု ၄င်းကိုယ်တိုင် ပြောကြားသွားခဲ့သည်။
ပါကစ္စတန်စစ်တပ်နှင့် ခရမ်နီအတွက်တော့ အရမ်းကို ခက်ခဲတဲ့အခြေအနေတစ်ရပ်ဖြစ်တယ်ဆိုတာကတော့ အားလုံးအသိ ဖြစ်ပါတယ်။
ဘင်လာဒင်၏ ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက် တိုက်ခိုက်စဉ်က အစ္စလာမ်ဘုရားကျောင်းသို့ အသိပေးခြင်း တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။
0 comments:
Post a Comment