Thursday, June 16, 2011

အယ်လ်ကေဒါခေါင်းဆောင်သစ်ကြေငြာ

အယ်လ်ကေဒါခေါင်းဆောင်သစ် အယ်လ်ဇာဝါဟီရီ

အိုစမာဘင်လာဒင်အသတ်ခံရပြီးနောက် အိုင်မန်အယ်လ်ဇာဝါဟီရီကို အယ်ကေဒါခေါင်းဆောင်သစ်အဖြစ်ခန့်အပ်လိုက်ကြောင်း ကြေငြာချက်တစ်စောင်ထွက်လာခဲ့သည်။
“အယ်ကေဒါဦးစီးချုပ်အဖြစ် ရှိတ်ခ်အိုင်မန်အယ်ဇဝါဟီရီကို ခန့်ထားလိုက်သည်။” ဟု ကြာသပတေးနေ့က အွန်လိုင်း ကြေငြာချက်တွင် ရေးသားဖေါ်ပြခဲ့သည်။
မေလ ၂ ရက်နေ့က ပါကစ္စတန်မြို့တော် အဘော်ဒါဘက်တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ဘင်လာဒင်နေအိမ်ကို ဝင်ရောက်စီးနင်းပြီးသတ်ဖြတ်ပစ်ခဲ့သည်။ ခေါင်းဆောင်သစ် အယ်ဇာဝါဟီရီ၏ ဦးဆောင်မှုဖြင့် အမေရိကန်နှင့် အစ္စရေးတို့ကိုဆန့် ကျင်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်ဖေါ်ပြထားသည်။
“ကျွန်ုပ်တို့ရဲ့နိုင်ငံတော်နဲ့ မှန်ကန်တဲ့ ဘာသာတရားကိုဖေါ်ဆောင်နိုင်ဖို့ ကျူးကျော်သူ ဘာသာရေးစစ်ပွဲဆင်နွှဲနေတဲ့ အမေရိကန်၊ နောက်လိုက်အစ္စရေးတို့နဲ့ သူတို့ကို ထောက်ခံတဲ့မည်သူ့ကိုမဆို ဂျီဟက်စစ်ပွဲဆင်နွှဲသွားမည်။” ဟုဖေါ်ပြထားသည်။
အယ်လ်ဇာဝါဟီရီသည် အယ်လ်ကေဒါအုပ်စုတွင် နှစ်ပေါင်းများစွာ ဒုတိယခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။

အယ်လ်ဇာဝါဟီရီ မည်သည့်နေရာတွင်ရှိနေမှန်းမည်သူမျှအတိအကျမသိသော်လည်း အာဖဂန်နှင့် ပါကစ္စတန်ကြားနယ်စပ်တစ် နေရာရာတွင်ပုန်းအောင်းနေမည်ဟု ယူဆကြသည်။ သူ့ကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးမည်ဆိုလျှင် ဆုငွေ ဒေါ်လာ ၂၅ သန်းပေးမည်ဟု ကြေငြာထားသည်။
“လွန်ခဲ့တဲ့ အပတ်အနည်းငယ်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါကစ္စတန်ကို ရောက်ရှိလာပြီး တော့ နှိမ်နင်းရမယ့်လူတွေစာရင်းကိုပြောသွားခဲ့ပါတယ်။” အယ်လ်ဂျာဇီယာသတင်းထောက် အမ်တီယက်တိုက်အက် က အစ္စလာမ္မာဘတ်မှ သတင်းပေးပို့ခဲ့သည်။
“ဇာဝါဟီရီနဲ့ အခြားငါးဦးအဲဒီစာရင်းထဲမှာပါပါတယ်။ အယ်လ်ကေဒါခေါင်းဆောင် ဒီမှာရှိမရှိသေချာမသိပါဘူး။ ဒါပေမယ့် မေးခွန်းတွေတော့ထွက်ပေါ်နေပါတယ်။”

၁၉၈၀ ခုနှစ်များကကာလဆီက အယ်လ်ဇာဝါဟီရီ အသက် ၅၀ ခန့်တွင် အာဖဂန်တွင် ဆိုဗီယက်ကိုဆန့်ကျင်တိုက်ခိုက်မှုများကို ပံ့ပိုးပေးရန် ဘင်လာဒင်နှင့်တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။ အယ်လ်ဇာဝါဟီရီကို အီဂျစ်တွင်မွေးဖွားခဲ့ပြီး ယခုလအစောပိုင်းက ဘင်လာဒင်သေဆုံးမှုနှင့်ပတ်သက်ပြီး ပထမဦးစွာလူသိရှင်ကြားကြေငြာချက်အဖြစ် အမေရိကန်နှင့် မဟာမိတ်များကို တိုက်ခိုက် သွားမည်ဟုပြောဆိုခဲ့သည်။
“ဘင်လာဒင်က ခွဲခွာသွားခဲ့ပါပြီ။ ဘုရားသခင်ကောင်းချီးပေးပါစေ။ ဘုရားသခင်ရှေ့မှောက်မှာ သူရဲကောင်းတစ်ဦးအဖြစ် တည်ပါစေ။ သူလျှောက်ခဲ့တဲ့ ဂျီဟက်လမ်းစဉ်ကို ကျွန်ုပ်တို့ဆက်လက်လျှောက်လှမ်းပြီး မွတ်စလင်မြေပေါ်မှ ကျူးကျော်သူများကို တိုက်ထုတ်ကာ မတရားမှုများကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်သွားပါမည်။” အွန်လိုင်းတွင် ဗွီဒီယိုဖြင့် ထုတ်လွှင့်ပြောကြားခဲ့ သည်။
ကြာသပတေးနေ့ကထွက်ပေါ်လာသော ကြေငြာချက်တွင် “အီဂျစ်၊ တူနီးရှား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား နဲ့ မော်ရိုကို နိုင်ငံတွေမှာ မွတ်စလင်တွေကို ဖိနှိပ်နေတဲ့ အကျင့်ပျက်အာဏာရှင်ခေါင်းဆောင်တွေကို တော်လှန်ပုန်ကန်နေတာကို ထောက်ခံ ကြောင်း” ဖေါ်ပြထားပါတယ်။

အကျင့်ပျက်အာဏာရှင်အစိုးရတွေ ပြုတ်ကျသွားသည်အထိ တိုက်ပွဲဆက်လက်ဝင်သွားကြရန်တိုက်တွန်းကြောင်းလည်း ဆိုသည်။
သို့သော် သက်တမ်းရှည်အာဏာရှင်တစ်ဦးဖြစ်သော အီဂျစ်မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သော အာရပ်အုံကြွမှုက အာရပ်နိုင်ငံ အများအပြားရှိ အယ်လ်ကေဒါတို့ကိုလည်း ပြိုကွဲပျက်စီးသွားစေကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် အိုင်မန်မိုဟိုင်လ်ဒင် က ကိုင်ရိုမှသတင်းပေးပို့ခဲ့သည်။
“အယ်လ်ကေဒါရဲ့ အကြမ်းဖက် နိုင်ငံရေးအတွေးအခေါ်အယူအဆတွေကို ထိုးနှက်တိုက်ခိုက်လိုက်တာပါပဲ။ အာရပ်နိုင်ငံများတစ်ဝှမ်း မှာအယ်လ်ကေဒါကို ထောက်ခံမှုတွေကျဆင်းကုန်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းမဖက် နည်းလမ်းကို အသုံးပြုပြီးတော့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲအောင်မြင်ခဲ့လို့ပါ။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။