လစ်ဗျားနိုင်ငံ အနောက်မြောက်ဖက်တွင်ရှိသော နာလွတ်မြို့ တွင် ကဒါဖီ၏ သစ္စာရှိခံတပ် တချို့ နှင့် သူပုန်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး သူပုန် ၈ယောက် သေဆုံးခဲ့ပြီး ၁၃ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကိုယ်တိုင် တိုက်ခိုက်ခဲ့သူ အချို့ မှ ပြောကြားသွားခဲ့သည်။
လစ်ဗျားအလယ်ပိုင်းရှိ ၂ကီလိုမီတာ ကျယ်ဝန်းသော အနောက်ဘက် မစ်စူရာတာအား သူပုန်များ သိမ်းပိုက်ပြီးနောက် ယင်းတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
"တိုက်ပွဲက မနေ့ကတည်းကစခဲ့တာ ဒီနေ့ထိပဲ" ဟု အဘူဆာက ရီယူတာ သတင်းဌာနသို့ စနေနေ့က ပြောကြားသွားခဲ့သည်။
"တော်လှန်ရေးသများတွေက သံချပ်ကာယာဉ်တွေကို ဖျက်ဆီးပြီးတော့ ရန်သူစစ်သား ၄၅ ယောက်လောက်ကို အပြီးရှင်းသွားခဲ့ပါတယ်။ ခြံတွင်းထဲမှာ ရှိနေတဲ့ ကဒါဖီရဲ့ တပ်ကို ပတ်ပတ်လည် ဖောက်ပြီးတိုက်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မြို့ တွင်းမှ မီးခိုးလုံးကြီးများ ထွက်ပေါ်ခဲ့ကြောင်း" နာလွတ်မြို့ မှ အယ်လ်ဂျာဇီရား သတင်းထောက် ဂျိမ်း(စ်)ဘေက သတင်းပေးပို့ခဲ့ပါတယ်။
"အသေးစားအမြှောက်သံတွေနဲ့ သေနတ်သံတွေကို ကြားနေရပါတယ်။ စက်သေနတ်တွေနဲ့ လက်နတ်ကြီးတွေကိုလည်း အသုံးပြုနေကြပါတယ်" ဟု ပြောပြခဲ့သည်။
"သူပုန်များက တူနီးရှားနယ်စပ်တစ်နေရာမှ ထရီပိုလီ မှ ၈၀ ကီလိုမီတာ အကွာအဝေးထိ ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။"
Source: Al Jazeera and agencies |




















8:15 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment