အီရတ် လွှတ်တော်အမတ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော အိုစမာ အယ်လ်နျူဂျီဖီ (Osama al-Nujaifi) က “အီရတ်ငွေ အမေရိကန် ဒေါ်လာ ၁၈.၇ ဘီလီယံနှင့်ညီမျှသော ငွေကြေးပမာဏအား အမေရိကန်တို့ စာရင်းဖျောက်ထားခဲ့ကြောင်း၊ ၄င်းထက် သုံးဆလောက် လျော့နေသော ၆.၆ဘီလီယံ ပမာဏလောက်ကိုသာ အစီရင်ခံသွားခဲ့ခြင်းဖြစ်ကြောင်း” အယ်လ်ဂျာဇီးရား(Aljazeera) သတင်းဌာနအား ပြောပြသွားခဲ့သည်။
“အမေရိကားသို့ အလည်အပတ်ခရီး မသွားခင်အတွင်း အမေရိကန်နှင့် အိရတ် စာရင်းစစ်များနှင့် ပတ်သက်၍ အချက်အလက် တစ်ခုအား လက်ခံရရှိခဲ့ပါတယ်။ ယင်းအချက်အလက်တွင် အီရတ်နှင့် အမေရိကန် “ဆီ” ဆွေးနွေးပွဲ ရလာဒ်အတွင်း အီရတ်အား ထောက်ပံ့ကြေးပေးရန် သဘောတူညီခဲ့ကြသော ငွေအရေအတွက် ပမာဏအား ရုတ်သိမ်းထားကြောင်း၊ နောက်ဆုံးအပတ်အတွက် ၆.၆ဘီလီယံဒေါ်လာ ထက်ကျော်သော အရေအတွက်မှာ ပျောက်ဆုံးနေကြာင်း” အိုစမာ အယ်လ်နျူဂျီဖီ (Osama al-Nujaifi) က ပြောကြားသွားခဲ့သည်။
၎င်းနောက် ဆက်လက်ပြီး “ပထမဆုံးနှစ် အမေရိကန်တွေ အီရတ်ငွေကြေးကို စီမံခန့်ခွဲမှု ပြုလုပ်စဉ်အတွင်းမှာပဲ ငွေကြေး ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။”
“အဲဒီလုပ်ဆောင်မှုမှာ အီရတ်ဖွံ့ဖြိုးရန်အတွက် ထောက်ပံ့ကြေး ၁၈ဘီလီယံ လောက်ပျောက်ဆုံးနေပါတယ်။ ဒီငွေတွေ ဘယ်ရောက် သွားလဲတော့မသိဘူး။ အသုံးစရိတ် အချက်အလက်တွေပါ ပျောက်ဆုံးနေပါတယ်။ အဲဒီ အီရတ်ငွေတွေ ဘယ်ရောက်သွားတယ်ဆိုတာကိုတော့ အဖြေတစ်ခု ထွက်သင့်ပါတယ်။ မကြာခင်မှာပဲ အဲဒီအတွက် ဆွေးနွေးမှု တစ်စုံတစ်ရာ ပြုလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြောကြားသွားခဲ့သည်။
၂၀၀၄ ခုနှစ်အတွင်း ချက်လက်မှတ်အတွင်းမှာ စုစုပေါင်း ၂၀ဘီလီယံလောက် မြင့်ထက်သွားခဲ့သည်။ ယင်းငွေးကြေးပမာဏသည် အီရတ်၏ ဆီရောင်းချခြင်းမှ ရရှိသော အမြတ်များဖြစ်သည်။ UN ၏ အစားအသောက် အထောက်အပံ့အတွက် ပေးသောထောက်ပံ့ကြေးသည် အမြတ်အစွန်း တစ်ခုဖြစ်သည်။
အီရတ် အရာရှိများက အီရတ် အုပ်ချုပ်သူများနှင့် အမေရိကန် ဆောက်လုပ်ရေး ပညာရှင်များအတွက်ဟု ထင်မှတ်ခဲ့ကြပြီး နိုင်ငံအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးချရန် ထင်မြင်ယူဆခဲ့ကြသည်။
source: Aljazeera
source: Aljazeera
0 comments:
Post a Comment