Friday, June 17, 2011
အစ္စရေးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား
အစ္စရေးနိုင်ငံ မြို့တော်တယ်လ်အဗ္ဗစ်မြို့မြောက်ဘက် နေတန်ညာကမ်းခြေမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံး ပြီး ၆၀ ဒဏ်ရာရရှိကြောင်း အစ္စရေးရဲက ပြောသည်။
သောကြာနေ့အစောပိုင်းက မြို့လည် လွတ်လပ်ရေးရင်ပြင်ရှိ လေးထပ်လူနေအဆောက်အဦတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ချက်ပြုတ်ရန်အတွက် ဂက်စ်အိုးများအသုံးပြုကြပြီး ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ကြောင်း အစ္စရေးရဲပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖီးလ်က ပြောသည်။ အယ်လ်ဂျာဇီယာသတင်းထောက် ကယ်လ်ပယ်ရီက ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ သတင်းပေး ပို့ရာတွင် စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေကြောင်းပြောသည်။
“လူသုံးဦးကို စစ်ဆေးမေးမြန်းခြင်းများပြုလုပ်နိုင်ရန်တာဝန်ရှိသူများက ခေါ်ဆောင်သွားကြောင်း အစ္စရေးရဲက အယ်လ်ဂျာဇီယာသို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အဲဒီသုံးဦးကတော့ ဒီမြို့မှာရှိတဲ့ အစ္စရေးဂက်စ်ကုမ္ပဏီအကြီးအကဲ၊ ဂက်စ်ပိုက်ပြင်သမားတစ်ယောက်နဲ့ သတ္တုပိုက်တွေကိုဖြုတ်ခိုးပြီးပြန်ရောင်းတဲ့ သူလို့ပြောတဲ့ သူတစ်ဦးတို့ဖြစ်ပါတယ်။” ဟု သတင်းပေးပို့ခဲ့သည်။
“အကြီးအကျယ်ပျက်စီးမှုကိုဖြစ်စေတဲ့ ပေါက်ကွဲမှုကြီးပါ။ အဆောက်အဦအရှေ့ဘက်မျက်နှာစာတစ်ခုလုံး ပျက်စီးသွား ပါတယ်။ အနီးမှာရှိတဲ့ အဆောက်အဦအချို့ပါ ပျက်စီးပါတယ်။ အဲဒီအနီးက အဆောက်အဦတွေပြိုကျကုန်မှာရဲက စိုးရိမ်နေပါတယ်။”
လူအများအပြားပိတ်မိနေကြောင်း ဒေသတွင်းရုပ်သံက အစောပိုင်းကကြေငြာခဲ့သည်။ ထို့နောက်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ များရောက်ရှိလာပြီး အားလုံးကို ခေါ်ထုတ်သွားနိုင်ကြောင်းသိရသည်။
အပျက်အစီးများကြားတွင် ဂက်စ်အနံ့များပြင်းထန်စွာထွက်ပေါ်နေပြီး လူနာတင်ကားအများလည်း ရောက်ရှိနေသည်။ ဂက်စ်အိုးပေါက်ကွဲကြောင်းသံသယရှိပြီး အကြမ်းဖက်လုပ်ရပ်မဟုတ်ကြောင်း ရဲကယုံကြည်သည်။
နေတန်ညာတွင် အသေခံဗုံးခွဲမှုများနှင့် အခြားတိုက်ခိုက်မှုများဖြစ်ပွားဖူးသည်။
Source: Al Jazeera




















11:06 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment