Tuesday, June 21, 2011
အင်ဒိုနီးရှားအိမ်ဖေါ်ဆော်ဒီတွင် ခေါင်းဖြတ်သေဒဏ်ပေးခြင်းခံရ
ဆော်ဒီအိမ်ရှင်ကို သတ်မှုဖြင့် အင်ဒိုနီးရှားအိမ်ဖေါ်အလုပ်သမားတစ်ဦးကို ခေါင်းဖြတ်သေဒဏ်အပြစ်ပေးခဲ့သောဆော်ဒီအစိုးရ၏ လုပ်ရပ်ကို ဆန့်ကျင်သောအားဖြင့် ဆော်ဒီအာရေးဗျဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကို အစိုးရက ပြန်လည်ခေါ်ယူခဲ့သည်။
ယင်းဖြစ်ရပ်အတွက် ဂျကာတာတွင်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီး ဆော်ဒီအစိုးရထံမှ ဖြေရှင်းချက်ကို တောင်းဆိုထားသည်။ လွန်ခဲ့သောနှစ် ၂၀ အတွင်း အင်ဒိုနီးရှားမှဆော်ဒီသို့သွားရောက်အလုပ်လုပ်သော အလုပ်သမား ၃၀၃ ဦးသေဒဏ်အပြစ်ပေးခြင်း ခံရသည်။ အင်ဒိုနီးရှားအစိုးရမှ ယင်းသို့သေဒဏ်ပေးခံရသော အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦးကိုသာကယ်တင်နိုင်ခဲ့သည်။
Source: Al Jazeera




















11:28 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment