မီးမလာသောအချိန် (သို့) မီးမရှိသော ဒေသများတွင် လက်ကိုင်ဖုန်း ဓါတ်အားသွင်းနိုင်သော ရေနွေးအိုး အသစ်အဆန်း တစ်မျိုးကို ဂျပန်နိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့က ဈေးကွက်တွင် စတင်ရောင်းချခဲ့သည်။
ယင်းရေနွေးအိုးကို တီထွင်ခဲ့သော TES စွမ်းအင်သစ် ကုမ္ပဏီနှင့် အဆင့်မြင့် စက်မှုနှင့် သိပ္ပံ နည်းပညာ ဆိုင်ရာ အမျိုးသားဌာန တို့က မတ်လ(၁၁)ရက် နောက်ပိုင်း ငလျင်နှင့် ဆူနာမီဒဏ် ခံဒေသများတွင် လျှပ်စစ်မီး ချို့ယွင်းမှု ဖြစ်ပွားနေသော နေရာများတွင် ဆဲလ်ဖုန်းများ အားသွင်းနိုင်ရန် ဈေးကွက်တွင် မြှင့်တင် ရာင်းချခဲ့သည်။
ရနွေးအိုးတွင် ကွန်ဒက်တာခေါ် လျှပ်ကူး ကိရိယာ အပိုင်းနှစ်ပိုင်းတွင် အပူကို ခွဲထုတ်ပြီး ဓါတ်အားအဖြစ် ပြောင်းလဲပေးသည်။ ရေနွေးအိုးကမူ ပုံမှန်၁၆ စင်တီမီတာ အချင်းရှိ အိုးတစ်အိုးသာ ဖြစ်သည်။ ရေနွေးအိုး အောက်ခြေတွင် အပူကို လျှပ်စစ်အားအဖြစ် ပြောင်းလဲပေးသည့် ကိရိယာ အစိတ်အပိုင်း တစ်ခု တပ်ဆင်ထားသည်။
ရေနွေးအိုး၏ လက်ကိုင်မှ USB ကြိုးဖြင့် ဆက်သွယ်ပြီး ဖုန်းကို အားသွင်းပေးသည်။ အသုံးပြုပုံ သရုပ်ပြ ရှင်းလင်းရာတွင် သာမန်အတိုင်းပင် ရေနွေးအိုးအတွင်း ရေထည့်ပြီး အောက်မှ မီးပေးထားသည်။ အိုး၏ အောက်ခြေအပြင်ဘက်ကို ၅၅၀ ဒီဂရီဆဲလ်ဆီးယပ် အပူပေးပြီး အတွင်းဘက်တွင် ၁၀၀ ဒီဂရီဆဲလ်ဆီးယပ် ရှိသည်။ အပူချိန် အနည်းအများ ကိုလိုက်၍ လျှပ်စစ်ထွက်ရှိမှု အနည်းအများရှိပြီး အများဆုံး ၁၅ ဝပ်အထိ ထုတ်လုပ်ပေးနိုင်သည်။
ယင်းဝပ်အားဖြင့် ဆဲလ်ဖုန်းတစ် လုံးကို အားသွင်းရာတွင် ၃ နာရီမှ ၅ နာရီအထိ ကြာမြင့်နိုင်သည်။ “ရေနွေးနဲ့ ရေချိုးရာမှာ အသုံးပြုတဲ့ သံစည်ပိုင်းတွေကို အသုံးပြုပြီးတော့ လုပ်မယ်ဆိုရင် လျှပ်စစ်ထွက်နှုန်း များများရနိုင် ပါလိမ့်မယ်။ အရေးပေါ် မီးပြတ်တောက်မှု အခြေအနေတွေမှာ မီးထွန်းနိုင်တဲ့ အထိအသုံးပြုဖို့ တီထွင်ချင်ပါသေးတယ်။” ဟု TES စွမ်းအင်သစ် ကုမ္ပဏီ ဥက္ကဋ္ဌ ကာဇူဟီရိုဖူဂျီတာက ပြောသည်။ယခုရေနွေးအိုးကို ဈေးကွက်တွင် ယန်း ၂၃,၀၀၀ (၂၈၆ ဒေါ်လာ) ဖြင့် ရောင်းချလျက်ရှိသည်။
Source: Mainichi Daily News (Japan)

0 comments:
Post a Comment