
တရုတ်အစိုးရသည် ၄င်းရေလွှမ်းမိုးမှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ မျှ ရှိနိုင်ပြီး သဘာဝ ဘေးအန္တရာယ် အချက်ပေးမှုကိုလည်း အမြင့်ဆုံးအခြေအနေထိ မြှင့်တင်လိုက်ပြီဖြစ်သည်။
"ဒီရေလွှမ်းမှုဟာ မိုးကြီးခြင်းကို အစပျိုးခဲ့ပြီး တောင်ပိုင်း တရုတ်ပြည်ကိုပါ ခြိမ်းခြောက်မှုတွေ ဖြစ်ပွားစေပါတယ်။" ဟု ရေအရင်းအမြစ် ဝန်ကြီး ချန်းလီက ပြောကြားသွားခဲ့သည်။
"ရုတ်တရက် မိုးသည်းထန်စွာမယ်။ ၄င်းမိုးသည် အကြိမ်အရေအတွက်များ၍ နှုန်းကြီးနိုင်ပါတယ်။ တရုတ်ပြည် တောင်ပိုင်းထိ ဆက်လက်ဒဏ်ခံရဖွယ် ရှိပါတယ်။" ဟု ၄င်း၏ ၀က်ဘက်ဆိုက်တွင် ဖော်ပြထားသည်။
"ဇီဂျန် ပြည်နယ်တွင် မိုးကြီးရွာချသွားပြီး ဒီအပတ်မှာပဲ လန်ဇီမြို့ ကို တဖြည်းဖြည်း ဖြတ်သန်းပြီး မြစ်ရေ တက်လာခဲ့ပါတယ်" ဟုရေလွှမ်းမိုးမှု ကာကွယ်ရေး ဌာနများဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဇိုဖာရုံက ပြောကြားသွားခဲ့သည်။
"လန်ဂျန်မြစ်ရေဟာ ၃၄ မီတာထိ မြင့်တက်လာခဲ့ပြီး ၁၉၆၆ ခုနှစ်မစ၍ အမြင့်မားဆုံး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။" ဟု ဇင်ဟွာ ပြည်တွင်း သတင်းမှ ကြေငြာသွားခဲ့သည်။
"လန်ဇီမြို့ ပတ်လည်မှာရှိတဲ့ ရေကာတာတွေကတော့ ဆက်လက်ထိန်းထားနိုင်ဆဲပါ။ တကယ်လို့ ရေကာတာကို ဖောက်ပြီး ရေတွေဝင်လာရင်တော့ လူဦးရေ ၂၀၀၀၀ ကျော်လောက်ကို ထိခိုက်နိုင်ပါတယ်။" ဟု ဇိုက ဆက်လက်ပြောကြားသွားခဲ့သည်။
၎င်းနောက် ဇိုက "တဟုန်ထိုးရွာချလိုက်မိုးကြောင့် ဟူဘိုင်းနဲ့ ဇီဂျောင်ဒေသ နယ်မြေအတော်များများ ရေအောက်ကို ရောက်သွားခဲ့ပြီး ၁သန်းကျော်မျှရှိသော စိုက်ပျိုးမြေများရေ မြုတ်သွားခဲ့ကြောင်း" ဆက်လက်ပြောကြားသွားခဲ့သည်။
အိမ်ခြေ ၇၀၀၀ လောက်ပြိုလဲ ပျက်စီးသွားပြီး စီးပွားရေးလုပ်ငန်း ၁၀၀၀ လောက်ကို ဆိုင်းငံ့ထားရသည်။
သေဆုံးမှုစာရင်း
တရုတ်ပြည်အရှေ့ ပိုင်းနှင့် တောင်ပိုင်းရေလွှမ်းမှုကြောင့် လူဦးရေ ၁၇၀လောက် သေဆုံးမှု၊ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့သည်။
အယ်လ်ဂျာဇီးရားသတင်းထောက် သောမက်စ် အင်ဒရူး၏ သတင်းပေးဖို့ချက်အရ "သေဆုံးမှုတွေဟာ ရာချီမြင့်တက်လာကြောင်း" တွေ့ရှိရသည်။
ဇင်ဟွာမှ လယ်သမားများက ယင်းရေကြီးမှုသည် နှစ် ၂၀အတွင်း အဆိုးရွားဆုံးဖြစ်ပြီး သစ်နှံထွက်နှုန်း ၂၀ ရာခိုင်နှုန်းလောက် လျော့ကျမည်ဖြစ်ကြောင်း၊ အသီးအနှံနှင့် ဆန်ရေစပါး ပျက်လက်မှု ဖြစ်ပွားလာနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။
ဟင်းသီးဟင်းရွက် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပွားလာနိုင်ပြီး။ နိုင်ငံ ငွေကြေး ၅.၅ ရာခိုင်နှုန်းလောက် သုံးနှစ် ဖောင်းပွမှု ဖြစ်ပွားလာနိုင်သည်။
"အဲဒီ စီးပွားရေးဟာ ကြီးမားကျယ်ပြန့်ပါတယ်။ တရုတ်ပြည်အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ ပိုင်းက သီးနှံတွေကတော့ ပျက်စီးသွားပြီ ဖြစ်ကြောင်း" တူညီစွာ ပြောကြားသွားခဲ့သည်။
တချို့ သီးနှံတွေဟာ ၂၀ရာခိုင်နှုန် ကျော်လောက် ဈေးနှုန်းမြင့်တက်သွားပြီး ခရိုင်တစ်ခုအတွင်းမှာပဲ ဒေါ်လာ သန်းပေါင်းတစ်ထောင်ရဲ့  လေးပုံသုံးပုံကျော်လောက် စီးပွားရေး ဆုံးရှုံးမှု ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းကြသည်။
ယင်းရုတ်တရက် မိုးအကြီးအကျယ် ရွာချမှုများ ရေကြီးမှုများသည် ပြီးခဲ့သည့်နှစ်က အစပျိုးခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၄၃၀၀ လောက် သေဆုံး ပျောက်ဆုံးမှုများဖြစ်ပေါ်နေပြီး ဆယ်စုနှစ်တစ်ခုတွင် ဆိုးရွှားဆုံးဖြစ်သည်။
Source: Aljazeera
0 comments:
Post a Comment