Monday, June 20, 2011

ဆီးရီးယားသမ္မတ မိန့်ခွန်းပြောမည်


လစ်ဗျားမြို့တော် ထရီပိုလီတွင်နေတိုးဗုံးကြဲတိုက်ခိုက်မှုများ၌ အရပ်သားများသေဆုံးမှုရှိကြောင်း နေတိုးအဖွဲ့က ဝန်ခံပြောကြား ခဲ့သည်။ တနင်္ဂနွေနေ့မနက်ပိုင်းက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည်တစ်ခုမှာ ပစ်မှတ်ကိုလွဲချော်ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မဟာမိတ်နေတိုးအဖွဲ့က ထုတ်ပြန်သောကြေငြာချက်တစ်စောင်တွင်ဖေါ်ပြခဲ့သည်။
နေတိုး ပြောရေးဆိုခွင့်ရှိသူ အိုအာနာလန်ဂတ်စ်ကျူက အရပ်သားများသေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲမိပါကြောင်း အယ်လ်ဂျာဇီယာသို့ပြောကြားခဲ့သည်။
“ထရီပိုလီမြောက်ဘက် ပစ်မှတ်တစ်ခုကိုချိန်ရွယ်တိုက်ခိုက်ခဲ့ရာမှာ ဒုံးကျည်တစ်ခုက ချွတ်ယွင်းပြီးတော့ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။” ဟုသူက ပြောသည်။
တိုက်ခိုက်မှုတွင် အရပ်သားများအများအပြားသေဆုံးခဲ့ရကြောင်း လစ်ဗျားတာဝန်ရှိသူများက အစောပိုင်းကပြောဆိုခဲ့သည်။
မြို့တော်အနီး အာရာဒါရှိ လူနေရပ်ကွက်အတွင်းအဆောက်အဦအပျက်အစီးများကြားမှ အရပ်သားအလောင်းများဆွဲထုတ်နေပုံ ကို လစ်ဗျားတာဝန်ရှိသူများက သတင်းထောက်များကို ခေါ်ယူပြသခဲ့သည်။
“အရပ်သားတွေကို တမင်ရည်ရွယ်တိုက်ခိုက်တာပါ။” ဟု လစ်ဗျားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခါလက်ခိမ်းက ပြောကြားခဲ့သည်။ “အနောက်နိုင်ငံတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြလိုက်တာပါ။”

အပျက်အစီးများနှင့် ကွန်ကရစ်အပိုင်းအစများပြန့်ကျဲနေပြီး ဒေသခံများက အပျက်အစီးများကို လာရောက်ရှင်းလင်းနေကြသည်။

ဆေးရုံတစ်ခုအတွင်း၌မူ တိုက်ခိုက်မှုအတွင်းသေဆုံးသွားသောကလေးငယ်တစ်ဦးအပါအဝင် အလောင်းသုံးလောင်းကို တာဝန်ရှိ သူများက သတင်းထောက်များကို ပြသခဲ့သည်။ အလောင်းတစ်လောင်းမှာ အမှိုက်သရိုက်များ၊ အမှုန်အမွားများလိမ်းကျံလျက်ရှိ သည်။ ဒဏ်ရာရရှိခဲ့သော ကလေးတစ်ဦးကိုလည်း ပြသခဲ့သည်။

“ကြောက်မက်ထိတ်လန့်ဖွယ် သတ်ဖြတ်မှုတွေကို ထရီပိုလီမှာ နေတိုးက လုပ်နေတာပါ။” အစိုးရတာဝန်ရှိသူတစ်ဦးက ဆေးရုံတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုံးကျည်ထိမှန်ခဲ့သောအဆောက်အဦအတွင်း မိသားစုငါးဦးနေထိုင်လျက်ရှိကြောင်း သူကပြောသည်။ မတ်လမှစ၍ နေတိုးတိုက်ခိုက်မှုများအတွင်း အရပ်သား ၈၅၆ ဦးသေဆုံးခဲ့ကြောင်း လစ်ဗျားကျန်းမာရေးဝန်ကြီးက ထုတ်ပြန် ကြေငြာခဲ့သည်။ အထက်ပါအချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အစိုးရမှယခင်ကထုတ်ပြန်သော သေဆုံးမှုစာရင်းများမှာ ချဲ့ကားခြင်းများရှိခဲ့သည်။

လစ်ဗျားခေါင်းဆောင်ကဒါဖီကို ရာထူးမှထွက်သွားရန် ပြည်တွင်းစစ်ဆင်နွှဲနေသော အတိုက်အခံများဘက်မှ ဖိအားပေး တိုက်ခိုက်နေသော နေတိုးအဖွဲ့များက အရပ်သားများကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့်တိုက်ခိုက်နေပြီး အရပ်သား များကို ရည်ရွယ်တိုက်ခိုက်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Source: Al Jazeera

မတ်လအလယ်မှစတင်ကာ ဆီးရီးယားတွင် ဒီမိုကရေစီရေးဆန္ဒပြမှုများပေါ်ပေါက်လာာကာ သမ္မတဘက်ရှာအယ်လ်အာဆက်က သုံးကြိမ်မြောက်မိန့်ခွန်းနိုင်ငံကို ပြောကြားမည်ဖြစ်သည။
“မနက်ဖြန်နေ့လည်လောက် သမ္မတ အယ်လ်အာဆက်မိန့်ခွန်းပြောကြားပါလိမ့်မယ်” ဟု တနင်္ဂနွေနေ့က ဆာနားသတင်း ဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဓိကရုဏ်းများဖြစ်ပွားပြီးနှစ်ပတ်အကြာ မတ်လ ၃၀ ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ်ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့ပြီး မငြိမ်သက်မှုများမှာ ပြည်ပသွေးထိုးသူများလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ထို့နောက် ဧပြီလ ၁၆ ရက်နေ့က ဒုတိယအကြိမ်ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားခဲ့ပြီး ဆန္ဒပြပွဲများအတွင်းသေဆုံးသွားသူ များအတွက် ဝမ်းနည်းကြောင်းနှင့် အမျိုးသားတွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။ နှစ် ၅၀ နီးပါးပြဋ္ဌာန်းထားခဲ့သော နိုင်ငံတော်အရေးပေါ်အက်ဥပဒေကိုလည်း ရုပ်သိမ်းပေးခဲ့သည်။

အတိုက်အခံအင်အားစုများက အမျိုးသားကောင်စီဖွဲ့စည်းပြီး အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်သွား ရန်ကြေငြာခဲ့ကြောင်း အတိုက်အခံပြောခွင့်ရ ဂျမေးလ်ဆာအစ် ကတနင်္ဂနွေနေ့ကပြောခဲ့သည်။
“ဆီးရီးယားအတွင်းအပြင်အင်အားစုများနဲ့ အဖွဲ့အစည်းအားလုံးပါဝင်ပြီး တော်လှန်ရေးကို ဦးဆောင်ဖို့ အမျိုးသားကောင်စီအဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာပါတယ်။” ဟူ၍ တူရကီ-ဆီးရီးယားနယ်စပ်အနီးရှိ သတင်းထောက်များကို ပြောပြခဲ့သည်။ ထို့ပြင် အစိုးရကို ဖြုတ်ချကာ တရားဥပဒေနှင့် အညီအရေးယူဆောင်ရွက်နိုင်ရေးအတွက်ပြည်နယ်၊ မြို့အားလုံးရှိအစိုးရလက်နက်ကိုင်တပ်များအားလုံး ၎င်းတို့နှင့်ပူးပေါင်းကြရန်တိုက်တွန်းနှိုးဆော်ခဲ့သည်။
“အမျိုးသားကောင်စီရဲ့ရည်ရွယ်ချက် အတိုက်အခံအင်အားစုတွေအားလုံးစုပေါင်းပြီး တော်လှန်ရေးကို အထောက်အပံ့ ပေးဖို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများသိရှိအောင်ဖြစ်ပါတယ်။ ” ဟု ဆာအစ်က AFP သတင်းဌာနသို့ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ်များက ဒုက္ခသည်များတူရကီသို့ထွက်ပြေးနေသော အနောက်မြောက်ဆီးရီးယားနယ်စပ်ကို ရှင်းလင်းလျက်ရှိ ကြောင်း အခွင့်အရေးစောင့်ကြည့်အုပ်စုများနှင့် မျက်မြင်သက်သေများက တနင်္ဂနွေနေ့ကပြောသည်။ ယင်းသို့ဒုက္ခသည်များနယ် စပ်ဖြတ်ကျော်ထွက်ပြေးမှုများကြောင့် နိုင်ငံတကာမှ သမ္မတအာဆက်ပေါ်ဖိအားပေးမှုများတိုးပွားလျက်ရှိသည်။
အာဆက်၏ စစ်တပ်က ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုများကြောင့်ထွက်ပြေးလာသော ဒုက္ခသည်များကို ကူညီသည့်သူ များကိုပါ တိုက်ခိုက်လျက်ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေးလှုပ်ရှားသူ အမ္မာအယ်လ်ခူရာဘီက ပြောသည်။
“တူရကီဘက်ကို ဒုက္ခသည်တွေထွက်ပြေးလို့မရအောင် နယ်စပ်တစ်လျှောက်မှာ စစ်တပ်တွေချထားပါတယ်။” ဟု ခူရာဘီက ရိုက်တာသတင်းဌာနသို့ပြောသည်။
“နယ်စပ်အနားကိုရောက်နေပြီးထွက်ပြေးဖို့ကြိုးစားနေတဲ့ ဒုက္ခသည်တွေကို အစားအသောက်တွေ၊ လိုအပ်တဲ့ အကူအညီတွေပေးနေတဲ့ဘဒါးမားကလူတွေကိုအစိုးရဘက်တော်သား ပြည်သူ့စစ်တွေက တိုက်ခိုက်နေတယ်။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။